ကျောင်းသားပြည်သူလူထုကို ကိုယ်စားပြုပြီး အာဆီယံ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ညီလာခံကို တက်ရောက်သွားမယ်လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)က ထုတ်ပြန်ကြေညာ

ကျောင်းသားပြည်သူလူထုကို ကိုယ်စားပြုပြီး အာဆီယံ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ညီလာခံကို တက်ရောက်သွားမယ်လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)က ထုတ်ပြန်ကြေညာ
၄ ဒီဇင်ဘာလ ၂၀၂၁

ကျောင်းသားပြည်သူလူထုကို ကိုယ်စားပြုပြီး အာဆီယံ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ညီလာခံကို တက်ရောက်သွားမယ်လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)က ကြေညာချက်အမှတ် (၁၀/၂၀၂၁) ကို ထုတ်ပြန်ပြီးကြေညာလိုက်ပါတယ်။ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)ဟာ အာဆီယံ တက္ကသိုလ်ကျောင်းသားသမဂ္ဂ စတင်ဖွဲ့စည်းခဲ့စဉ်ကတည်းက ပါဝင်ခဲ့ပြီး ညီလာခံအဆက်ဆက်မှာလဲ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးတာဝန်ခံအဖြစ် (၂)ကြိမ်၊ ဒုဥက္ကဋ္ဌအဖြစ် တစ်ကြိမ်ပါဝင်လှုပ်ရှားခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၁ခုနှစ်မှာလဲ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)ရဲ့ ကိုယ်စားလှယ်ဟာ အာဆီယံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားလျက်ရှိတာဖြစ်ပါတယ်။ အခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့မှာ ကျင်းပမယ့် အာဆီယံ တက္ကသိုလ် ကျောင်းသားသမဂ္ဂများ ညီလာခံကို ကျောင်းသားပြည်သူလူထုကို ကိုယ်စားပြုကာ ရ.တ.က.သက တက်ရောက်သွားမှာဖြစ်ပြီး ညီလာခံရဲ့ လူငယ်အပိုင်းကဏ္ဍမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန က စေလွှတ်တဲ့ ကိုယ်စားလှယ်တွေလဲတက်ရောက်ခွင့်ရရှိတယ်လို့ သိရပါတယ်။ အာဏာသိမ်း စစ်ကောင်စီလက်ပါးစေ ကိုယ်စားလှယ်တွေကို ဦးစားမပေးဘဲ ပြည်သူ့ဘက်တော်သား ကိုယ်စားလှယ်တွေကို ဝင်ရောက် ဆွေးနွေးခွင့်ပေးတဲ့ အာဆီယံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ လုပ်ဆောင်ချက်ကို ဝမ်းသာကြိုဆိုတယ်လို့လဲ ရေးသားထားပါတယ်။ ရ.တ.က.သအနေနဲ့ အာဆီယံ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ညီလာခံကို အရှေ့တောင်အာရှဒေသတွင်း ကျောင်းသားတွေအကြား ညီညွတ်မှုတည်ဆောက်ရန်နဲ့ အာဏာသိမ်း ဖက်ဆစ်စစ်ကောင်စီရဲ့ ကျောင်းသားလူငယ်တွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရာဇဝတ်မှုတွေကို တင်ပြရန်အတွက် တက်ရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။ အာဆီယံဥက္ကဋ္ဌအသစ်ဖြစ်တဲ့ ကမ္ဘောဒီးယားအစိုးရရဲ့ စစ်ကောင်စီအပေါ် အသိအမှတ်ပြု ရရှိရေး ကြိုးပမ်းလာနေတဲ့ ခြေလှမ်းတွေကို သတိထားစောင့်ကြည့်သွားမှာဖြစ်ပြီး အာဆီယံအစုအဖွဲ့အနေနဲ့ ၂၀၂၁ခုနှစ် အစောပိုင်းကာလတွေကလို ဖက်ဆစ်စစ်ကောင်စီကို အသိအမှတ်ပြုရေး ကြိုးပမ်းလာပါက ပြင်းပြင်းထန်ထန် ဆန့်ကျင် တုံ့ပြန်သွားမယ်လို့လဲ ကြေညာချက်မှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

#SpringRevolution
#PVTV
#PVTVNews




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.