ကျောက်ဆည်မှာ ပရဟိတလုပ်ဆောင်သူနဲ့ NLD ထောက်ခံသူပြည်သူတစ်ဦးကို အကြမ်းဖက်စ်တပ်က သတ်ပြီးအလောင်းကို လမ်းဘေးမှာစွန့်ပစ်ခဲ့
ဖေဖော်ဝါရီ ၅၊ ၂၀၂၂
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ ပရဟိတလုပ်နေတဲ့ ပြည်သူတစ်ဦးနဲ့ NLD ထောက်ခံသူပြည်သူတစ်ဦးကို အကြမ်းဖက်စစ် တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး မြို့ရှောင်လမ်းဘေးမှာ လာရောက်စွန့်ပစ်မှု ဖေဖော်ဝါရီ ၄ ရက်(မနေ့က)ကဖြစ်ပွားခဲ့ပါတယ်။
ကျောက်ဆည်မြို့ရဲ့ ပရဟိတအဖွဲ့ဖြစ်တဲ့ We Love Kyaukse အဖွဲ့ကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုဖြိုးသီဟဇင်နဲ့ NLD ထောက် ခံသူ ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ်က မနေ့ကည ၁၁ နာရီခန့်မှာ ဖမ်းဆီးသွားတာဖြစ်ပြီးတော့ ယင်းတို့ကို နှိပ်စက်သတ် ဖြတ်ပြီး အလောင်းကို မြို့ရှောင်လမ်းမှာ လာရောက်စွန့်ပစ်ခဲ့တာပါ။
ဒေသခံတွေရဲ့ ပြောစကားအရတော့ သေဆုံးသူတွေရဲ့ အလောင်းတွေမှာ ဓားဒဏ်ရာတွေအပြင် သေနတ်ဒဏ်ရာတွေပါတွေ့ရပြီး နှိပ် စက်သတ်ဖြတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – ကျောက်ဆည်ဟစ်တိုင်
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။