ကျောက်ကြီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်လို့ ရွာ ၁၁ရွာက ကိုယ်ထူကိုယ်ထ စာသင်ကျောင်း တွေ ပိတ်လိုက်ရပြီး စစ်ရှောင်နေရ
ဇွန် ၂၉ ၊ ၂၀၂၂
ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကျေးရွာပြည်သူလူထုတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်နေတာကြောင့် ကျေးရွာပေါင်း ၁၁ရွာက ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်းတွေ ပိတ်လိုက်ရပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကရင်အမျိုးသား အစည်း အရုံး(KNU)က ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့်KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်က ကျွန်းကုန်း၊ ဝက်လာတော၊ အုတ်မြေဒူး၊ ကြိမ်တောမြောင်၊ ပတ္တလား၊ ပေါက်သတော၊ ထိုက်ထူ၊ စောမူသဲ၊ မမယမ်း၊ သောင်ပု၊ ကျွဲတလင်းစတဲ့ ရွာတွေက ကျောင်းတွေပိတ်လိုက်ရတာပါ။ အဲဒီ ရွာ ၁၁ရွာက ကို ယ်ထူကိုယ်ထ ကျောင်းတွေမှာ ကျောင်းသား ဦးရေ ၄၇၆ ဦး ရှိတယ်လို့လည်းဆိုပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ဒီလို လုပ်ရပ်တွေကြောင့် ကျောင်းနေအရွယ် ကလေးသူငယ် တွေအတွက် ကြိုးစားတည်ထောင်ထားတဲ့ ပညာရေးလုပ်ငန်းတွေကို ရပ်တန့်စေတာဟာ လူ့အခွင့်အရေးကို ပီပီပြင်ပြင် ချိုးဖောက်နေခြင်းဖြစ်တယ်လို့ KNUက ထုတ်ပြန်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။