ကျောက်ကြီးမှာ ကရင်လူငယ် ၂၃ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်ဆီးပြီး လက်ပြန်ကြိုး တုတ်ကာ နှိပ်စက်ညှင်း ပမ်းနေတယ်လို့ KNU ထုတ်ပြန်
ဇူလိုင် ၁၄ ၊ ၂၀၂၂
ကရင်အမျိုးသားအစည်းအရုံး(KNU) ကျောက်ကြီးမြို့နယ်မှာ အာဏာ သိမ်းအကြမ်းဖက် စစ်ကောင်စီတပ်က ကရင် လူငယ် ၂၃ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုတ်ကာတာ လမ်းမပေါ်မှာ တနေကုန် ရိုက်နှက်၊ ညှင်း ပန်း၊ နှိပ်စက်ခဲ့တယ် လို့ KNU ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနက ဖော်ပြခဲ့ပါတယ်။
ဇူလိုင်လ(၁၃)ရက်နေ့မှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခမရ-၅၉၉ နဲ့ ပူးပေါင်းတပ်တို့ဟာ ကျောက်ကြီး မြို့နယ် ဒေါင်းမို့ကျေး ရွာအုပ်စုရှိ အလယ်စုကျေးရွာနဲ့ ဝါးပင်စုကျေးရွာသို့ ဝင်ရောက်ပြီး ကျေး ရွာပြည်သူလူထုတွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ ကျေးရွာပြည်သူလူထုတွေထဲက ကလေးသူငယ်၊ သ က်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေကို ပြန်လွှတ်ပြီး လူငယ်တွေကို ဖမ်းဆီးထားတာလို့ ဖော်ပြထားပါတယ်။ ဒီလို ဖမ်ဆီးထားတဲ့ ကျေးရွာလူထုတွေထဲက ဗမာလူမျိုးတွေကို လက်ပြန်ကြိုးတုတ် ရိုက်နှက်ညှင်းပန်းနှိပ်စက်တာ မပြုလုပ်ပေမယ့် ကရင်လူမျိုးတွေကိုမူ လက်ပြန်ကြိုးတုတ်ကာ တာ လမ်းမပေါ်မှာ တစ်နေကုန် ရိုက်နှက် ညှင်းပန်းနှိပ်စက်ခဲ့တာလို့ KNUက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးထားပြီး လက်ပြန်ကြိုးတုတ်ကာ ရိုက်နှက်၊ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကရင်လူငယ်တွေကတော့ (၁)စောဇေယံ ၊ (၂) စောမြင်တိုင်းချစ် (၃)စောဆာကူနော်၊ (၄)စောမြသိန်း၊ (၅)စောစံသိန်း၊ (၆)စောကျော်မြင့်၊ (၇)စောဘီးစလား၊ (၈)စောထိုးကီ၊ (၉)စောထူးဖော၊ (၁၀)စောဝါးလူးကူး၊ (၁၁)စောဖြိုးလင်းသူ၊ (၁၂)စောငယ်ငယ်၊ (၁၃)စောကျော်မင်းထွေး၊ (၁၄)စောစိုးရည်ဦး၊ (၁၅)စောဖိုးသဲသဲ၊ (၁၆)စောခွားဆိ၊ (၁၇)စောဇေ အောင်၊ (၁၈)စောမောင်ဖြူ၊ (၁၉)စောဆိုင်ကား၊ (၂၀)စောကူးကူး၊ (၂၁)စောခိုင်မိုးလင်း၊ (၂၂)စောခရစ်စတိုဘာ၊ (၂၃)စော တူတူ တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို ဖမ်းဆီးတဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်း ဥစ္စာ တွေ အဓမ္မယူသွားတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ KNUထုတ်ပြန်ထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။