ကျောက်ကြီးမြို့နယ် လော်မူပယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ရွာသားတစ်ဦးကို ပစ်သက်
ဇူလိုင် ၃ ၊ ၂၀၂၂
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေး နယ်မြေအတွင်းမှာရှိ တဲ့ လော်မူပယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဇူလိုင် ၂ ရက် ညနေ ၄ နာရီအချိန်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေဖြစ်တဲ့ ခမရ-၄၃၉၊ ခမရ-၃၅၁၊ ခလရ-၆၀ နဲ့ ပူးပေါင်းတပ်က လော်မူပယ်ကျေးရွာ ကို မီးရှို့ခဲ့တယ်ဆိုတာနဲ့ လော်မူပယ်ကျေးရွာသားဖြစ်တဲ့ စောမာနေထူးကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဖော်ပြထားတာပါ တယ်။
ထုတ်ပြန်ချက်ထဲမှာတော့ စောမာနေထူးက အသက်(၂၅)နှစ်ရှိပြီး အသက်မွေးဝမ်းကျောင်းအတွက် ဆိုင်ကယ်ပြင်ဆိုင်ဖွင့် ထားကာ အကြမ်းဖက် စစ်ကောင်စီတပ်က သူကို ဆိုင်တွင်းမှာပဲ ပစ်သတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အလားတူပင် ဇူလိုင် ၁ ရက်နေ့မှာလည်း အကြမ်းဖက်စစ်တပ်က လိန်ပင်ဝဲ ကျေးရွာ သား တီးတောနဲ နဲ့ အဖော်တစ်ဦး ကိုအကြောင်းမဲ့ပစ်ခတ်ခဲ့ပြီး သူတို့နှစ်ဦးက ဆိုင်ကယ်ကိုထားခဲ့ကာ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရတယ်လို့ ဖော်ပြထားပါ တယ်။
အဲဒီလိုပဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဇွန် ၂၇ ရက်မှာ နရွဲပင်ကျေးရွာသား စောမူးသာကို သတ်ဖြတ်ခဲ့ပြီး မြှုပ်ထားတဲ့ အလောင်းအောက်မှာ မိုင်းသုံးလုံး ထောင်ထားခဲ့သလို အဲဒီနေ့ကပဲ ပျောက်ဆုံးသွားတဲ့ နရွဲပင်ကျေးရွာသား တစ်ဦးကိုလည်း ယနေ့ချိန်ထိ ပြန်လည် မတွေ့ရှိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကရင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက နယ်မြေကျူးကျော်စစ် ဆင်နွဲနေပြီးတော့ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ သတ်ဖြတ်နေတာလည်းဖြစ်ပါတယ်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းမှာ ပြည်သူတွေကို သတ်ပြီး ဓာတ်ပုံရိုက်ထားတဲ့ မှတ်တမ်းဓာတ်ပုံ
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။