ကျုံဒိုးမြို့နယ် အနီးတဝိုက်မှာ Lion Battalion Commando ဗျူဟာစစ်ကြောင်းနဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေ
◼️ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေက ပြည်သူတွေ နေအိမ်ပေါ်ကျရောက် ပေါက်ကွဲ
ဇန်နဝါရီ ၂၅ ၊ ၂၀၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်အနီးမှာ KTL Army ရဲ့ ဗျူဟာမှူးဗိုလ်အယ်စေးဝါးဦးဆောင်သော Lion Battalion Commando – ဗျူဟာစစ်ကြောင်းနဲ့ အကြမ်းဖက်စစ်တပ်တို့ အကြား တိုက်ပွဲပြင်းထန်နေပါတယ်။
တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က ပစ်ခတ်နေတဲ့ လက်နက်ကြီး ပစ်ကူတွေက ပြည်သူတွေ နေထိုင်ရာ နေအိမ်တွေအပေါ်ကို ကျရောက်ပေါက်ကွဲမှုတွေဖြစ်နေတယ်လို့ Lion Battalion Commando – ဗျူဟာစစ်ကြောင်းက ဒီနေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
တိုက်ပွဲက ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အနီးက ကမ်းနီ ၊ မိဂလုံ ၊ ကော့ဘိန်း အစရှိတဲ့ ကျေးရွာတွေမှာ ဖြစ်ပွားနေတာဖြစ်ပြီးတော့ ဗျူဟာမှူးဗိုလ်အယ်စေးဝါးဦးဆောင်သော Lion Battalion Commando – ဗျူဟာစစ်ကြောင်းနဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်နေတာပါ။
တိုက်ပွဲမှာ အထိနာနေတဲ့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပြည်သူတွေ နေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသလို တိုက်ပွဲသုံး Mi 35 ရဟတ်ယာဥ် တွေ အသုံးပြုပြီးတော့လည်း တိုက်ခိုက်နေတာဖြစ်တယ်လို့ Lion Battalion Commando က အသိပေးထားပါတယ်။
တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်က သေဆုံး ၄၀ ဦးနဲ့ အထက်ရှိနေပြီးတော့ Lion Battalion Commando စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဘက်က ထိခိုက်ဒဏ်ရာ ရသူ အနည်းငယ်သာ ရှိတယ်လို့လည်း အသိပေးထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။