ကျိုက်ထိုမှာ စစ်ကောင်စီယာဉ်တန်းကို KNU/PDF ပူးပေါင်းတပ် က တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကား ၂စီးပျက်စီး
ဇူလိုင် ၂ ၊ ၂၀၂၂
ကရင်အမျိုးသားအစည်းအရုံး( KNU / KNLA)တပ်မဟာ ၁ နယ်မြေ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီရဲ့ထောက်ပို့ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီရဲ့ကားနှစ်စီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၃ က သတင်းထုတ်ပြန်ထားပါတယ်။
ဒီကနေ့ ဇူလိုင် ၂ ရက်နေ့ မနက် ၈နာရီ မိနစ် ၅၀ခန့်မှာ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ ဆီအုန်းအမှတ် ၂ လေးဒေါင့်ကန်အနီးမှာ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် တပ်ရင်း-၃ နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တန်းကို ကြားဖြတ်တို က်ခိုက်ခဲ့တာလို့ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ လောင်စာဆီတွေတင်ဆောင်လာတဲ့ ကားနှစ်စီးဟာ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ ယာဉ်တန်းဟာ လတ်တလောတိုက်ပွဲဖြစ်ပွားနေတဲ့ မြ၀တီမြို့နယ် ဝေါ်လေဒေသ က စစ်ကောင်စီရဲ့ ဥကရစ်ထ တပ်စခန်းကို သွားရောက်မယ့် ယာဉ်တန်းဖြစ်တယ်လို့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မနက် ၁၀ နာရီ မိနစ် ၄၀ လောက်မှာတော့ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုကို မသိရသေးကြောင်းနဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် တပ်ရင်း-၃ နဲ့ KNLA ပူးပေါင်းအဖွဲ့တွေက အထိအခိုက်မရှိပဲ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။