ကျားခေါင်းပါတီ SNLD က စစ်ကောင်စီ လက်အောက်ခံ UEC ဆီမှာ ပါတီမှတ်ပုံတင်မှာ မဟုတ်ကြောင်း ထုတ်ပြန်

ကျားခေါင်းပါတီ SNLD က စစ်ကောင်စီ လက်အောက်ခံ UEC ဆီမှာ ပါတီမှတ်ပုံတင်မှာ မဟုတ်ကြောင်း ထုတ်ပြန်

မတ် ၁၈၊ ၂၀၂၃

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) က အာဏာသိမ်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင် UEC ဆီမှာ နိုင်ငံရေးပါတီ တင်သွင်းမှာ မဟုတ်ဘူးလို့ SHAN News သတင်းမှာ ဖော်ပြထားပါတယ်။

မတ်လ ၁၆ ရက်နေ့နဲ့ ၁၇ ရက် နှစ်ရက်လုံး ကျင်းပပြုလုပ်ခဲ့တဲ့ SNLD ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးအရ SNLD ပါတီက နိုင်ငံရေးပါတီ မှတ်ပုံတင်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောခဲ့တယ်လို့ SHAN News သတင်းမှာ တွေ့ရပါတယ်။

“ကျနော်တို့ ဗဟိုကော်မတီ အစည်းအဝေး ထိုင်ဖြစ်တယ်၊၊ အစည်းဝေးမှာတော့ ပါတီ ဆက်လက် မှတ်ပုံတင်ရေး မတင်ရေးနဲ့ ပတ်သက်ပြီးတော့မှ ဆွေးနွေး ဖြစ်ခဲ့ကြတယ်။ အစည်းဝေး တက်ရောက်တဲ့ CEC အားလုံးရဲ့ သဘောထားအရ SNLD ပါတီကို ဒီနှစ်လအတွင်းမှာ ဆက်လက် မှတ်ပုံတင်ဖို့ မဖြစ်နိုင်သေးဘူး။ ဒါကြောင့်မို့ မတင်ဖြစ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု SNLD ပါတီ၏ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာတွင် ပါတီ၏ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့တာပါ။

သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် အချိန်ကာလကို တိတိကျကျ ထုတ်ပြန်ပြောဆိုခြင်း မရှိသည့် အတွက်ကြောင့် နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင် မပြုလုပ်ခြင်း ဖြစ်တယ်ို့ ဟု စိုင်းလိတ်က ဆက်ပြောတဲ့အကြောင်း SHAN News သတင်းအရသိရပါတယ်။

“အခု ကျနော်တို့ ပါတီ မှတ်ပုံတင် ဆက်မတင်ဖြစ်တဲ့ အကြောင်းရင်းထဲမှာ သက်ဆိုင်ရာ အနေနဲ့ ရွေးကော်ပွဲကို ဘယ်တော့ လုပ်မလဲဆိုတာကို တိကျကြေညာထားခြင်း မရှိတာဟာလည်းပဲ ပြဿနာတစ်ခုဖြစ်တယ်။ အဲ့လို မကြေညာသေးဘဲနဲ့၊ မပြဌာန်းသေးပဲနဲ့ ကျနော်တို့ နိုင်ငံရေးပါတီတွေကို ကြိုတင်ပြီးတော့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခိုင်းတာကလည်း နည်းလမ်းကျတယ်လို့ ကျနော်တို့မမြင်ဘူး၊ အဲ့အခြေအနေဖြေရှင်းဖို့ လိုနေတဲ့ ကာလမှာ ကျနော်တို့ နိုင်ငံရေး ဘာဆက်လုပ်မလဲ ဆိုတာကတော့ နောက်တစ်ပိုင်း စဥ်းစားရမယ်လို့ သုံးသပ်ပါတယ်” လို့ စိုင်းလိတ်က ဆက်ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီက စစ်ကောင်စီ လက်အောက်ခံ UEC ဆီမှာ ပါတီ မှတ်ပုံတင်ခြင်း မပြုလုပ်ပေမယ့် တခြားနည်းလမ်းတွေနဲ့ နိုင်ငံရေးကို ဆက်လက် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သတင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ရွေးကောက်ပွဲ ကော်မရှင်ဆီကို လျှောက်ထားတဲ့ နိုင်ငံရေးပါတီ စုစုပေါင်း ၂၁ ပါတီ ရှိနေပြီး ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမယ့် နိုင်ငံရေးပါတီ ၅ ပါတီ၊ ပြည်နယ်တစ်ခု အတွင်း စည်းရုံးမယ့် နိုင်ငံရေး ပါတီ ၁၆ ပါတီအထိ ရှိထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.