“ကျမတို့ရဲ့ အဓိကစိုးရိမ်မှုက ကလေးတွေရဲ့ လုံခြုံမှုဖြစ်ပါတယ်။ ကလေးတွေဟာ လုံခြုံတဲ့ဝန်းကျင်မှာ ပညာသင်ကြားပိုင်ခွင့်ရှိရမှာဖြစ်ပါတယ်။ အဲ့အချက်ကအရေးကြီးတယ်။ အခုလိုမျိုး ဗုံးပေါက်ကွဲမှုတွေ၊ မီးလောင်မှုတွေ၊ တပ်စွဲထားမှုတွေက ကလေးတွေပညာသင်ကြားတဲ့ နေရာဝန်းကျင်ကို မလုံခြုံဖြစ်စေမှုတွေ အားလုံးကို ကျမတို့က ရှုံ့ချပါတယ်။ နောက်တစ်ခုက အခြေခံပညာနဲ့ပတ်သက်လာရင် မိဘတွေရဲ့ ရွေးချယ်မှုကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ စစ်အစိုးရရဲ့ ပညာရေးကို ကျမတို့က သပိတ်မှောက်တယ်၊ တစ်ဘက်မှာလည်း အခြေခံပညာနဲ့ပတ်သက်လာလို့ရှိရင် မိဘတွေရဲ့ ရွေးချယ်ခွင့်ကိုလည်း ပိတ်ပင်တားဆီးခြင်းတော့မပြုပါဘူး”
ဂျာထွယ်ပန်
ဒုတိယဝန်ကြီး
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
#SpringRevolution
#PVTV
Like – 8.1K Share – 1131