ကော်ဘရာစစ်ကြောင်းရဲ့ လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ် သေဆုံးထိခိုက်များ
ဇူလိုင် ၉ ၊ ၂၀၂၂
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေထဲက ကော်ဘရာစစ်ကြောင်း တည်ရှိရာတောင်ကုန်းတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေသုံးပြီး တိုက်ခိုက်လာတဲ့အပေါ် ကော်ဘရာစစ်ကြောင်းကလည်း လက်နက် ကြီး၊ ဒရုန်းစတာတွေသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးထိခိုက်များပြားခဲ့ တယ်လို့ ကော်ဘရာ စစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၇ရက်နဲ့ ၉ရက်အတွင်း စစ်ရေးအခြေအနေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ မြ၀တီမြို့နယ် ဖလူးဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၇ရက်မှ ၉ရက်နေ့ အတွင်း ဟောင်ဝစ်ဇာ တောင်ပေါ်ပစ်အမြှောက်လက်နက်များ အသုံးပြု ပြီး မြဝတီ – ဝေါ်လေ ကားလမ်းမ တစ်လျောက်အား ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ပစ်ခတ်ခဲ့ပေမယ့် ကော်ဘရာ စစ်သည်တော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ အသိပေးထားပါတယ်။
ကော်ဘရာ စစ်ကြောင်း အနေနဲ့လည်း လက်ရုံးတပ်ဖွဲ့တွေဖြစ်တဲ့ လက်နက်ကြီးစစ်သည်များ၊ ဒရုန်းစစ်သည်များက ပြန်လည် ခြေမှုန်းခဲ့ရာ ကားလမ်းမ တစ်လျှောက် သစ်တော တွေအတွင်း ပုန်းခိုနေတဲ့ အကြမ်း ဖက် စစ်ကောင်စီ စစ်ကြောင်းများထံ တိကျစွာတို က်ရိုက်ထိမှန်ခဲ့ပြီး အများအပြား ထိခိုက် သေဆုံး နေတာကို တွေ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဇွန်လ ကုန်ပိုင်းလောက်က စပြီး ကော်ဘရာ စ စ်ကြောင်းတွေရှိရာ လေးကေ့ကော်ဒေသက တောင်ကုန်းတွေဆီကို လ က်နက်ကြီး ပစ်ကူရယူပြီး စစ်ကြောင်းထိုးလာခဲ့ရာ ကော်ဘရာစစ်ကြောင်းရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေ ဖရိုဖရဲ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျည်နဲ့ စက်လက်ကျည်တွေကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း ကော်ဘရာစစ်ကြောင်းက အသိပေးထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။