ကော်ဘရာစစ်ကြောင်းနဲ့ပူးပေါင်းတပ်က စနိုက်ပါစစ်သည်တော်တွေရဲ့ စွမ်းရည်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေ့စဉ် သေဆုံးမှု ကြုံနေရ

ကော်ဘရာစစ်ကြောင်းနဲ့ပူးပေါင်းတပ်က စနိုက်ပါစစ်သည်တော်တွေရဲ့ စွမ်းရည်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေ့စဉ် သေဆုံးမှု ကြုံနေရ
စက်တင်ဘာ ၂၉ ၊ ၂၀၂၂

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မှာ ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း ပါဝင်တဲ့ ပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေ နေ့စဉ်ဖြစ်ပွားလျက်ရှိပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၉ရက်မှာလည်း မြ၀တီ – ဝေါ်လေလမ်း တောင်နီရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခမရ(၁၀၄)တပ်ကို KNLA တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနဲ့ တပ်မဟာစစ်ကြောင်း တပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပူးပေါင်းတပ်ဖွဲ့က လက်ဖြောင့်စနိုက်ပါ စစ်သည်တော်တွေရဲ့ စွမ်းရည်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦး သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှုမရှိကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

အဲဒီ ဒေသမှာ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့က စနိုက်ပါတွေနဲ့ တိုက်ခိုက်တာအပြင် လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့လို့ စစ်ကောင်စီတပ်က အထိနာခဲ့ပါတယ်။

ကော်ဘရာ စစ်ကြောင်းရဲ့ နေ့စဉ် သတင်းထုတ်ပြန်ချက်တွေအရ စက်တင်ဘာ ၂၀ရက်ကနေ ဒီကနေ့ စက်တင်ဘာ ၂၉ရက်နေ့အတွင်း ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ၂၅ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။

KNU တပ်မဟာ(၆)နယ်မြေမှာ တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိပြီး စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီတပ်စခန်း ၃ခုကို KNLA တပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ အဲဒီ စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.