ကော်ဘရာစစ်ကြောင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်


ကော်ဘရာစစ်ကြောင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်
◾️အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးတစ်ဦးအပါ ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ
ဇူလိုင် ၈ ၊ ၂၀၂၂

KNLA နဲ့ PDF တွေ ပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းက အ ကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံတပ် နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအ ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေ သိမ်း ဆည်းရမိခဲ့တယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်းထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ(၂၀၇)၊ ခလရ(၈)၊ ခမရ(၂၀၄)၊ ခမရ(၉) ၊ ခမရ(၁၀၂) နဲ့ လက်ရုံးတပ်ဖွဲ့တွေ၊ ဗိုလ်မုတ်သုန် ဦးစီးတဲ့ BGF အင်အား (၁၀၀) ခန့် ပါဝင်တဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းတွေက ဖလူးလေး၊ ဖလူးကြီးဒေသမှာ စုဖွဲ့ပြီး မြဝတီ – ဝေါ်လေကားလမ်းတစ်လျောက် ဒေသ တွေကို ကျူးကျော်ဖို့ ကြိုးစားနေတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလိုအခြေအနေတွေမှာ ခမရ(၂၀၇) ပါဝင်တဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းက မြဝတီ-ဝေါ်လေ ကားလမ်းပေါ် က ဒေသအခေါ် သုံးထပ်ကွေ့ နေရာကို မနေ့က ရောက်လာခဲ့ရာ လုံခြုံရေး ယူထားတဲ့ ကော်ဘရာစစ်ကြောင်းနဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဒီနေ့မနက် ၉ နာရီအချိန်မှာ ကော်ဘရာစစ်ကြောင်းက စစ်ဆေးမှုတွေဝင်ရောက်လုပ် ဆောင်ရာ အကြမ်းဖက်စစ်တပ်ဘက်က ဗိုလ်ကြီးတစ်ဦး၊ ဆေးမှူးတစ်ဦးအပါ ၅ ဦးသေတာကို အတည်ပြုတွေ့ရှိခဲ့ရပြီး အ ကြမ်းဖက်စစ်တပ်ဘက်က အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရထားတယ်လို့ သတင်းထုတ်ပြန်ချက်ထဲ ဖော်ပြထား ပါတယ်။

လက်နက်ခဲယမ်းအနေနဲ့ MA -1 တစ်လက်၊ ၎င်းကျည် (၅.၅၆) ကျည် (၄၇၅) တောင့်၊ ကျည်ဘောက်(၄) ခု၊ အီနာဂါ ဗုံးသီး တစ်လုံး၊ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားသလို တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်လို့ စိစစ်ဆဲအခြေ အနေတွေကိုသာ ထုတ်ပြန်ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကော်ဘရာစစ်သည်တွေဘက်ကတော့ ထိခိုက်ကျဆုံး မှု မရှိဘူးလို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

ဇူလိုင် ၈ ရက် (ဒီနေ့မနက်) ၄ နာရီခွဲအချိန်ခန့်မှာလည်း လေးကေကော်ဒေသမှာရှိတဲ့ ကော်ဘရာစစ်ကြောင်း လုံခြုံရေး ရယူထားတဲ့ တောင်ကုန်းတစ်ခုပေါ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ပြည်သူလူထုရဲ့ မေတ္တာကြောင့် ကော်ဘရာစစ်သည်တွေ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

Video – ဇူလိုင် ၈ ရက် (ဒီနေ့မနက်) မှာ သိမ်းဆည်းရမိတဲ့ လက်နက်နဲ့ တိုက်ပွဲမှတ်တမ်းအတို (အသံမပါဝင်ပါ)
#SpringRevolution
#PVTV
#TheArtOfRevolution
#Satire
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Add your reaction

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.