ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံသို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ အချက် အလက်တွေကို စုစည်းပြီးတင်ပြထား၊ အကြမ်းဖက်စစ်ကောင်စီဘက်က အစီရင်ခံစာ တင်သွင်းခွင့်မရှိ

ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံသို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ အချက် အလက်တွေကို စုစည်းပြီးတင်ပြထား၊ အကြမ်းဖက်စစ်ကောင်စီဘက်က အစီရင်ခံစာ တင်သွင်းခွင့်မရှိ
မတ် ၁၇ ၊ ၂၀၂၂

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၄၉ ကြိမ်မြောက် ညီလာခံသို့ အကြမ်း ဖက်စစ်ကောင်စီရဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ အချက်အလက်တွေကို စု စည်းပြီး အမျိုးသားညီညွတ်ရေးအစိုးရက တင်သွင်းလိုက်ပါတယ်။

ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဖာမြို့မှာ ပြုလုပ်နေတဲ့ အဆိုပါ ညီလာခံကို အကြမ်းဖက်စစ်ကောင်စီနဲ့ အမျိုးသားညီညွတ် ရေးအစိုးရတို့က တက်ရောက်ဖို့အတွက် ကိုယ်စားလှယ်စားရင်တင်သွင်းထားပေမယ့်လည်း နှစ်ဖက်စလုံးကို လက်ရှိအချိန်မှာတော့ တက်ရောက်ခွင့်မပြုသေးပါဘူး။ ဒါပေမယ့်လည်း အမျိုးသားညီညွတ်ရေးအစိုးရကို တော့ အစီရင်ခံစာ တင်သွင်းခွင့် ပြုခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်ကိုတော့ အစီရင်ခံစာ တင်သွင်းခွင့်မပြုဘူးလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးအောင်မျိုးမင်းကတော့ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက် ခံရမှုတွေကို နိုင်ငံတကာစာမျက်နှာကနေ ပျောက်ကွယ်မသွားရ အောင်လို့ လုပ်ဆောင်နေတယ်ဆိုပြီးတော့လည်း ပြောကြားထားပါတယ်။

လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပေးပို့တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး တော့ သတင်းစာရှင်းလင်းပွဲကို မတ် ၁၆ရက် (မနေ့)က အွန်းလိုင်းကနေ တစ်ဆင့် ပြုလုပ်ခဲ့ရာမှာ ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့တာပါ။

အစီရင်ခံစာထဲမှာ ချင်းပြည်နယ်၊ ထန်တလန်မှာ မြို့လုံးကျွတ်မီးရှို့ခံရတာ၊ စစ်ကိုင်းတိုင်း၊ ကနီမှာ လူ ၄၀ ကျော်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာ၊ ချင်းပြည်နယ် မတူပီမြို့မှာ ကလေးငယ်တွေအပါအဝင် အမျိုးသားတွေ အစု လိုက်အပြုံလိုက်သတ်ဖြတ်ခံရတာ၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ခရစ်စမတ်အ ကြိုနေ့မှာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ လူအစုလိုက် ဖမ်းဆီးမီးရှို့ခံရတဲ့ကိစ္စနဲ့ ရန်ကုန်တိုင်း ကြည့်မြင့်တိုင်၊ ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြလူစုကို ကားနဲ့တိုက်တဲ့ ဖြစ်ရပ်တွေကို ထည့်သွင်းထားတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေလည်း ပါဝင်တာတွေ့ရပြီးတော့ ဒေသခံတွေရဲ့ ပြောစကားတွေအရ အကြမ်း ဖစ်စစ်တပ်က မီးရှို့ထားလို့ ရွာသားတွေက မီးငြိမ်းဖို့ ဝင်သွားရင်လည်း အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ် မှုတွေ လုပ်တဲ့အပြင် နေအိမ်တွေတင်မကဘဲ ကျွဲ နွား တိရိစ္ဆာန်တွေကို မီးရှို့သတ် ဖြတ်တာလို့ ပြောတာ တွေ့ရ ပါတယ်။

NUG က စုဆောင်းရမိတဲ့ အချက်အလက်တွေအရ စစ်ကောင်စီက မီးရှို့ဖျက် ဆီးခဲ့တဲ့ ရွာနဲ့မြို့ပေါင်း ၁၈၆ ရွာနဲ့ အိမ်ပေါင်း ၆၇၁၉ လုံးရှိတယ်လို့ဆိုပါတယ်။အများဆုံးက စစ်ကိုင်း၊မကွေး၊ ချင်းနဲ့ ကယားပြည်နယ်တွေမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကစပြီး ကချင်ပြည် နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီမှာ လေကြောင်းတိုက်ခိုက်မှု ၅၃ ခု ရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ စစ်ဘေးဒုက္ခသည် ငါးသိန်းသုံးသောင်း ရှိလာနေပါပြီ။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.