ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေးမှာ အကြမ်းဖက်စစ် တပ်ကို အမြန်ဆုံးအရေးယူနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေကြဖို့အတွက် ဦးကျော်မိုးထွန်းမေတ္တာရပ်ခံ
ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၂
နယးယောက်မြို့မှာပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအ စည်းအဝေးမှာ ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံးအရေး ယူနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေကြဖို့အတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက မေတ္တာရပ်ခံလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာနဲ့ သတ် ဖြတ်နေမှုတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ အမှုဆောင်ညွှန်ကြားရေးမှူးရုံး (Counter-Terrorism Committee Executive Directorate-CTED) ထံကို တင်ပြခဲ့တာပါ။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး စစ်တပ်က မအောင်မြင်တဲ့ နိုင်ငံတော်အာဏာကို မတရားသိမ်းမှု ပြုလုပ်ခဲ့တဲ့အချိန်မှစပြီး စစ်တပ်က မြန်မာပြည်သူတွေ အပေါ် ရက် စက်ကြမ်းကြုတ်မှုမြောက်များစွာကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျကျူး လွန်ခဲ့ကြောင်းနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေက လူသား မျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်မှုပင်မြောက်နိုင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ပြောကြားခဲ့လိုက်တာပါ။
ဒါအပြင် CTED ထံကို အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူတွေကို ရက် ရက် စက်စက်သတ်ဖြတ်နေ တာတွေနဲ့ပတ်သက်ပြီးတော့လည်း အချက်အလက်တွေနဲ့ ဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အကြမ်းဖက်မှုကို မည်သည့်အခြေအနေ၊ မည်သည့်နေရာ၊ မည်သည့်ပုံစံနဲ့ မည်သူက ကျူးလွန်စေကာမူ ဘယ်သောအခါမှ ခွင့်မလွှတ်ဘူးဆိုတာနဲ့ အကြမ်းဖက်မှုတွေ ကို အပြင်း ထန်ဆုံး ရှုတ်ချပါကြောင်း၊ ဒါကြောင့်လည်း မြန်မာနိုင်ငံအနေနဲ့ CTED နဲ့အခြားသောသက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတာကို ထုတ်ဖော်ပြောကြားလိုကြောင်း ပြောကြားထားတာ တွေ့ရပါတယ်။
CTED နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို စစ်တပ်က ကျူးလွန်နေတဲ့အကြမ်း ဖက်မှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပေးဖို့နဲ့ ယင်းအကြမ်းဖက်မှုတွေကို အမြန်ဆုံးအရေးယူနိုင်မယ် နည်းလမ်းတွေရှာဖွေပေးကြဖို့ အတွက်လည်း သံအမတ်ကြီးဦးကျော်မိုးထွန်းက မေတ္တာရပ်ခံလိုက်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးကိစ္စရပ်တွေကို CTED၊ Interpol၊ UNODC၊ UNOCT တို့အပါအဝင် အခြားသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လည်း ကတိပြုထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။