ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားကို ကူညီပံ့ပိုးပေးပြီး အကြမ်းဖက်စစ် ကောင်စီကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပြောင်းနိုင်ရေး ပြုလုပ်ပေးဖို့ AAPP အပါအဝင် အဖွဲ့ ၁၄ ဖွဲ့ ပူပေါင်းတောင်းဆို
ဇွန် ၂၇ ၊ ၂၀၂၂
အကြမ်ဖးက်စစ်ကောင်စီက ဖမ်းဆီးခံ ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စပ်ညှဉ်းပန်းမှုတွေ ပြုလုပ်နေ တာကို အဆုံးသတ်နိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ် ဆေးရေး ယန္တရား (IIMM) လို တာဝန်ခံနိုင်မှုဆိုင်ရာ ယန္တရားတွေကို ကူညီပံ့ပိုးဖို့နဲ့ ကျူးလွန်တဲ့ အကြမ်းဖက်စစ်ကောင်စီ ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကို လွှဲပြောင်းနိုင်ရေး တောင်းဆိုပြုလုပ်ပေးဖို့ AAPP အပါအဝင် အဖွဲ့ ၁၄ ဖွဲ့က ဇွန် ၂၆ ရက်စွဲနဲ့ တောင်းဆိုလိုက်ပါတယ်။
ဇွန် ၂၆ ရက်က “ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့” ဖြစ်ပြီးတော့ အကြမ်းဖက်စစ်တပ်နဲ့ လက်ကို င်တုတ်ဖြစ်တဲ့ အခြားသော လက်နက်ကိုင်အုပ်စုတွေက ပြည်သူတွေအပေါ် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်တာတွေကို ချက်ခြင်းရပ်တန့်ဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။
အကြမ်းဖက်အာဏာလုယူခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ၂၀၂၁ ခုနှစ်မှစပြီး ယနေ့အထိ စစ်အုပ်စုရဲ့ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ ဖမ်းဆီးနှိပ်စက်ခံရပြီး ကျဆုံးသွားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနဲ့စစ်အာဏာလုမှုဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူ လူဦးရေမှာ (၉၅) ဦးရှိပြီဖြစ်သလို စစ်အုပ်စုအနေနဲ့ ထင်ရှားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကိုသာ ညှဉ်းပန်းနှိပ်စက်မှုကို ပြုလုပ်တာ မဟုတ်ဘဲ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရပ်သားတွေအားလုံးကို တရားလက်လွတ်ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ဖို့ မူဝါဒချမှတ်ထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် အကြမ်းဖက် အာဏာလုယူခဲ့ချိန်ကစလို့ ယနေ့အထိ နိုင်ငံရေးအရ ဖမ်းဆီးခံရတဲ့သူတိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံထားရတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်အုပ်စု၏ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့်ဖြစ်စေ၊ ရိုက်နှက်မှု ဒါမှမဟုတ် သေနတ်နဲ့ ပစ်ခတ်မှုကြောင့်ဖြစ်စေ၊ ကျန်းမာရေးစောင့်ရှောက်ခံပိုင်ခွင့်ကို ငြင်းပယ်ခံရသောကြောင့်ဖြစ်စေ၊ ခုခံစစ်ဆင်နွှဲနေကြသော တော်လှန်ရေးသမားများ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရမှုကြောင့်ဖြစ်စေ စစ်အုပ်စုရဲ့အာဏာလုမှု စတင်ဖြစ် ပေါ်လာချိန် ကတည်းက အသက်ဆုံးရှုံးရတဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားသေဆုံးမှု ဦးရေက (၂၀၂၁) ဦး ရှိပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုအချက်အလက်တွေကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်မှုမရှိတဲ့ သတိပေးလုပ်ဆောင်ချက်တွေကို ရပ်တန့်ချိန်ရောက်ပြီးဆိုတာနဲ့ လက်ရှိအနေအထားနဲ့ အသင့်လျော်ဆုံးဖြစ်တဲ့ နိုင်ငံရေးဖိအားပေးမှု “ဖြတ်သုံးဖြတ်ဗျူဟာ” ကို လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။