ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အာဏာသိမ်းစစ်ကောင်စီကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုအလျင်မြန်လုပ်ဆောင်ပေးဖို့ ICNCC က တိုက်တွန်း

ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အာဏာသိမ်းစစ်ကောင်စီကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုအလျင်မြန်လုပ်ဆောင်ပေးဖို့ ICNCC က တိုက်တွန်း

ဇန်နဝါရီလ ၁၁၊ ၂၀၂၂

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့ နေ့လည်ပိုင်းမှာ ဒေသခံချင်းတိုင်းရင်းသား (၈) ယောက် ၊ ဇန်နဝါရီလ (၇) ရက်နေ့မှာ နောက်ထပ် (၃) ယောက်နဲ့ စုစုပေါင်း (၁၁) ယောက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာြဖစ်ပါတယ်။

ဒီအထဲမှာ အသက် (၁၃) နှစ်အရွယ်ကလေးတယောက် အပါအဝင် (၁၀) ယောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသတ်ဖြတ်တာကို ခံခဲ့ရတယ်လို့သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီလ (၅) ရက်နေ့မှာ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ ပါးဝကျေးရွာက ရွာသူရွာသား (၂၅) ယောက် ဇန်နဝါရီလ (၉) ရက်နေ့မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့က အရပ်သား (၅)ယောက်ကိုလဲ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ICNCC ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုအချိန်မှာ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်နဲ့ ဖလမ်းမြို့နယ်တွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးခေါက်မှုတွေ အပါအဝင် ချင်းပြည်နယ်အနှံ့အပြားမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဆိုပါတယ်။

ဒီလို အကြမ်းဖက်မှုတွေကို ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် လူသားချင်းစာနာထောက်ထားမှုနှင့် လူသားဂုဏ်သိက္ခာကို တန်ဖိုး ထားကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်ရဲ့ အကြမ်းဖက်မှု စစ်ရာဇဝတ်မှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်သိရှိဖို့ လိုအပ်တယ်လို့ ICNCC က ပြောပါတယ်။
ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတနိုင်ငံလုံးမှာ အကြမ်းဖက်စစ်ကောင်စီကြောင့် အရပ်သားပြည်သူတွေ ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံး ရပ်တန့်နိုင်ဖို့အတွက် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ အလျင်အမြန်ပြုလုပ်နိုင်ဖို့ အလေးအနက် တိုက်တွန်းပန်ကြားလိုကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။

#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.