ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဉီးကျော်မိုးထွန်း (၇၅) ကြိမ်မြောက် ကု…

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဉီးကျော်မိုးထွန်း (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပိတ်ပွဲ နှင့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဖွင့်ပွဲ အစည်းအဝေး များသို့ တက်ရောက်

(၇၅)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပိတ်ပွဲအစည်းအဝေးကို ယနေ့၊ ၁၄-၉၂၀၂၁ ရက်နေ့၊ မွန်းလွဲ (၃)နာရီအချိန်၌ ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်း အဝေး ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် H.E. Mr. António Guterres မှ မိန့်ခွန်းပြောကြား ခဲ့ပြီး၊ (၇၅) ကြိမ်မြောက် အထွေထွေညီလာခံ၊ ဥက္ကဋ္ဌ ဖြစ်သူ H.E. Mr. Volkan Bozkir မှ နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ထို့နောက်၊ (၇၆)ကြိမ်မြောက်အထွေထွေညီလာခံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် ရန် ရွေးချယ်ခြင်း ခံထားရသည့် H.E. Mr. Abdulla Shahid မှ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ထို့နောက် (၇၆)ကြိမ်မြောက်၊ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေး ကို ဆက်လက်ကျင်းပခဲ့ရာ၊ အစည်းအဝေးကို (၇၆)ကြိမ်မြောက် အထွေထွေညီလာခံဥက္ကဋ္ဌ H.E. Mr. Abdulla Shahid မှ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက်၊ အထွေထွေညီလာခံ၏ အရည်အချင်းစစ် ကော်မတီ (Credentials Committee) အဖွဲ့ဝင်နိုင်ငံများကို ရွေးချယ်ခန့်အပ်ခဲ့သည်။ အရည်အချင်းစစ် ကော်မတီ တွင် အဖွဲ့ဝင်နိုင်ငံများအဖြစ် ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီရာလွန်၊ နမီးဘီးယား၊ ဆွီဒင်နှင့် အမေရိကန်ပြည်ထောင်စု တို့ပါဝင်သည်။

အဆိုပါ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပိတ်ပွဲအစည်းအဝေး နှင့် (၇၆) ကြိမ်မြောက်၊ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဖွင့်ပွဲ နှင့် ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးများသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း တက်ရောက်ခဲ့သည်။

စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်၊
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊
နယူးယောက်မြို့ ။

Ambassador Kyaw Moe Tun participates in the closing session of the 75th Session and opening session of the 76th Session of the United Nations General Assembly

The closing session of the seventy-fifth United Nations General Assembly was held at General Assembly Hall of the United Nations at 3:00 p.m. on 14 September 2021. At the meeting, Secretary-General of the United Nations H.E. Mr. António Guterres gave a statement and President of the seventy-fifth UN General Assembly H.E. Mr. Volkan Bozkir also gave his farewell statement. Then, President-elect of the seventy-sixth session of the United Nations H.E. Mr. Abdulla Shahid took the oath of office.

The 1st plenary meeting of the seventy-sixth session of the General Assembly was held following the closing of the seventy-fifth session. The 1st plenary meeting was opened by the President of the General Assembly H.E. Mr. Abdulla Shahid following the appointment of the members of the Credentials Committee. The 9 member Credentials Committee was formed consisting of the Bahamas, Bhutan, Chile, China, Russia, Sierra Leone, South Africa, Sweden and the United States.

Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations participated in the closing session of the 75th United Nations General Assembly and the opening and first plenary meeting of the 76th Session of the United Nations General Assembly.

14 September 2021
Permanent Mission of Myanmar to the United Nations
New York



Like – 21K Share – 576

Public Voice Television Facebook

Add your reaction

  1. UN ကိုယ်စလှယ် ဦးကျော်မိုးထွန်းကို ထောက်ခံပါတယ်

  2. အရည်ချင်းစစ်အဖွဲ့ကို ကြည့်ရတာ တို့ပြည်သူတွေ ကိုထောက်ခံတဲ့ အင်အား သိပ်မတွေ့ရတာ အဆင်မပြေတော့ဘူး

  3. မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကျမ်းမာပါစေ အရေးတော်ပုံ အောင်ရမည်

  4. ပြည်သူ့ဘက်တော်သား သံအမတ်ကြီး ကျန်းမာချမ်းသာပါစေ။ ဘေးအန္တရာယ်ကင်းပါစေ။

  5. ပြည်သူ့သံအမတ်ကြီးကျန်းမာ​ဘေးကင်း၍​ပြောသမျှဆိုသမျှ​အောင်မြင်ပါ​စေ
    အ​ရေး​တေည်ပုံ​အောင်ရမည်

  6. ပြည်သူကချစ်သော၊ပြည်သူကိုချစ်သော သံအမတ်ကြီး ဘေးကင်းအောင်မြင်ပါစေ

  7. မြန်မာပြည်သူများ၏တဦးတည်း​သောသံအမတ်ကြီးဘုရားသခင်အထူးကွယ်ကာမစပါ​စေ။

  8. အားရတယ်ကျေနပ်တယ်၊အမှန်ဘက်ရပ်တည်တဲ့မြန်မာပြည်သားကမ္ဘာ့အလယ်မှာအန္တရာယ်ကင်း၍တင့်တယ်ထင်ပေါ်ပါစေ။

  9. ပြည်ထောင်စုမြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာအများနေကြသည် ဒိဌိ နှင့် ဝိစိကိစ္စာ ပြုတ်လျှင်သောတာပန်ပုဂ္ဂိုလ်ဖြစ်သည်မြန်မာနိုင်ငံရဟန်သံဃာ ပြည်သူပြည်သားတို့သည် သောတာပန် ဟုမည်သူမျှပြောဆိုဝန်ခံခြင်းမပြုပါ သောတာပန်ပုဂ္ဂိုလ်အားဆဲဆို ကြိမ်းမောင်းခြင်းသည် အပါယ်ငရဲသို့ကျသည် ပြည်သူဘဏ္ဍာများကို မတရားအနိုင်ကျင့် သိမ်းယူကြီးပွားချမ်းသာစစ်အာဏာရူးဖွတ်အပေါင်းပါတို့သည်အမိန့်ပေး၍ ဗုဒ္ဓသာသနာရဟန်သံဃာ ဗုဒ္ဓဘာသာပြည်သူသားများကို ဖမ်းဆီးချုပ်နှောင်သတ်ခဲ့ပါသည် ဒီမှန်သေသစ္စာစကားကြောင့် စစ်အာဏာရှင်မင်းအောင်လှိုင်မိသားစုနှင့်ဖွတ်အပေါင်ပါများ မင်းအောင်လှိုင်စစ်တပ်ကိုထောက်ခံအားပေးကြသူများကမ္ဘာတည်သ၍ မစားနိုင် မသောက်နိုင်တဲ့ပြိတ္တာဖြစ်ပါစေသော်

  10. သံအမတ်ကြီး ဦးကျော်မိုးထွန်း ရှင့်
    ကျက်သရေ မဂ်လာအပေါင်း နှင့် ပြည်စုံ ပါတယ်ရှင့်၊။ ဓမ္မ ရဲ့ ဘက်တော်သားရဲ့ အစပထမ အောင်မြင်မှု့ကို စွတ်ခူး နှိုင်ခြင်း အတွက် ဂုဏ်ယူလေးစားပါတယ်ရှင့်

  11. အမှန်တရားဘက်ကလူတိုင်းကိုဘုရားသခင်​​စောင့်​ရှောက်ပြီး​ကောင်းချီး​ပေးပါ​စေ

  12. ပြည်သူ့ဘက်တော်သားသံအမတ်ကြီးဦးကျော်မိုးထွန်းကျမ်းမာပါစေ အန္တရယ်ကင်းဘေးရှင်းပါစေ

  13. UN မှာ အစိုးရ အသိအမှတ် ပြုရေး အဓိက အချက်ကြီး ၃ ချက်နဲ့ စဉ်းစားလေ့ရှိတယ်
    💥၁_ ပြည်သူက လိုလိုလားလား တင်မြောက်ထားတဲ့ အစိုးရ ဖြစ်ရမယ်
    💥၂_ ကမ္ဘာက ချမှတ်ထားတဲ့ ဥပဒေ နဲ့ ပြည်တွင်း ဥပဒေတွေကို လေးစား လိုက်နာတဲ့ အစိုးရ ဖြစ်ရမယ်
    💥၃_ နယ်‌မြေ စိုးမိုးထိမ်းချုပ်မှုလည်း ရှိရမယ်

    NUG မှာ ၁_ ၂ အချက်တွေပဲ ပြည့်စုံနေပြီး ၃_အချက် နယ်မြေ ထိမ်းချုပ်မှု လိုအပ်နေတယ်
    နံပါတ် ၂ အချက်ကိုလည်း စကစ က အောက်လုံးထိုးပြီး နာမည် ဖျက်ဖို့ ကြိုးစားလာနေတယ်

    ~စကစဟာ နယ်မြေစိုးမိုးထိမ်းချုပ်ထားတယ်ဆိုပေမယ့် လူထုအသိအမှတ်လည်း မပြု ဥပဒေလည်း မလိုက်နာတဲ့ အချက်က အားနည်းနေတယ်

    ဒို့ NUG အနေနဲ့ နယ်မြေ စိုးမိုးမှု ရယူနိုင်မှ သာလျင် မိမိတို့ လိုချင်တဲ့ ပန်းတိုင်ကို ရမှာဖြစ်ပါတယ်

    အရေးတော်ပုံအောင်ရမည် 💯✊

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.