ကုန်သွယ်ရပ်ဝန်းသတင်းလွှာ အတွဲ ၁ ၊ အမှတ် ၁၁ ကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ဝေ
မတ် ၁၉ ၊ ၂၀၂၂
ကမ္ဘာစီးပွားရေး၊ မြန်မာ့စီးပွားရေး သတင်းပေးပို့ချက်တွေ ပါဝင်တဲ့ ကုန်သွယ်ရပ်ဝန်းသတင်းလွှာ အတွဲ ၁၊ အမှတ် ၁၁ ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ဝေခဲ့ ပါတယ်။
ဒီနေ့ထုတ် သတင်းလွှာထဲမှာ ကမ္ဘာစီးပွားရေး သုံးသပ်ချက်တွေ၊ မြန်မာ့စီးပွားရေး သတင်းပေးပို့ချက်တွေ ဖော်ပြ ထားပါတယ်။ ဒါအပြင် ကမ္ဘာရွှေစျေး၊ မြန်မာ့ရွှေစျေး ပေါက်စျေးတွေအပြင် ငွေလဲလှယ်နှုန်းထားတွေကိုလည်း ဖော်ပြထားတာ တွေ့ရပါတယ်။
ကုန်သွယ်ရပ်ဝန်းသတင်းလွှာကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်ရေးဦးစီးဌာနက အပတ်စဉ် ထုတ်ဝေလျက်ရှိပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။