ကိုဗစ်ကို …
ချစ်ခြင်းမေတ္တာရဲ့ ဦးဆောင်မှု
အပြန်အလှန်ယုံကြည်မှု အတိုင်အဖောက်ညီတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့
ခေါင်းဆောင်တွေ၊ ပြည်သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေ
ငွေအား၊ လူအား၊ စိတ်အားတွေ နိုင်သလောက်ထည့်ဝင်ကြရင်း အတူတူကျော်ဖြတ်ခဲ့ကြတယ် …
အခုတော့ ဒါတွေ မရှိတော့ဘူး
အားလုံးပိုပြီး ဂရုစိုက်ကြပါ … မိမိကိုယ်ကို ကာကွယ်ကြရုံသာ
Covid 19 ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို
– ပြည်သူ နဲ့ အစိုးရ ကြားက ယုံကြည်မှု
– ပြည်သူ နဲ့ အစိုးရ ကြားက ပူးပေါင်းဆောင်ရွက်မှု
– အစိုးရရဲ့ စနစ်ကျတဲ့စီမံခန့်ခွဲမှုနဲ့ ပြည်သူလူထုရဲ့ ညီညွတ်စွာလိုက်ပါဆောင်ရွက်မှု
– ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေရဲ့ တက်ညီလက်ညီ ကြိုးစားအားထုတ်မှု
ဒါတွေနဲ့ ငါတို့ ကျော်ဖြတ်နိုင်ခဲ့တယ်။
အခု Covid တတိယလှိုင်း
ပြည်သူ့အာဏာကို မတရားလုယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ပြအုပ်ချုပ်မှုအောက်မှာ ဘယ်မှာလဲ ယုံကြည်မှု၊ ဘယ်မှာလဲ ပူးပေါင်းဆောင်ရွက်မှု၊ ဘယ်မှာလဲ စနစ်ကျတဲ့ စီမံခန့်ခွဲမှု၊ ဘယ်မှာလဲ လိုက်နာဆောင်ရွက်မှု၊ ဘယ်မှာလဲ တက်ညီလက်ညီ ကြိုးစားအားထုတ်မှု …
Covid 19 တတိယလှိုင်းကို ငါတို့နိုင်ငံ အလူးအလဲခံနေရတာဟာ စစ်အာဏာရှင်ရဲ့ အာဏာရူးမှု သက်သက်ကြောင့် သာဖြစ်တယ်ဆိုတာ ရှင်းပါတယ်။
ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ထည့်လိုက်
ကိုဗစ်ကို အားလုံးအတူတူလက်တွဲပြီး ပြန်တိုက်ပြမယ် …
#SpringRevolution
#PVTV
Like – 8.6K Share – 632