ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခြင်း ၃၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဝဏ်လွှာပို့

ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခြင်း ၃၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဝဏ်လွှာပို့
မတ် ၁၃ ၊ ၂၀၂၂

တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်နဲ့ ကိုစိုးနိုင် တို့နဲ့ အတူ ဒီမိုကရေစီရရှိရေး တိုက်ပွဲတစ် လျှောက် ကျဆုံးသွားသူ အပေါင်းကို သတိတရ ဂုဏ်ပြုကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ကျရောက်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်ကျဆုံးခြင်း ၃၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

၁၉၈၈ မတ်လ ၁၃ရက်နေ့မှာ ကိုဖုန်းဖော်၊ ကိုးစိုးနိုင် တို့ ကျဆုံးခဲ့ကြရတဲ့ ဖြစ် စဉ်ဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်နိုင်ရေးအတွက် ပြည်သူလူထု တစ်ရပ်လုံး စုစည်းညီညွတ်စွာတောင်း ဆို ဆန္ဒထုတ်ဖော် တိုက်ပွဲဝင်ခဲ့တဲ့ ရှစ်လေးလုံး လူထုအရေး တော်ပုံကြီး ဖြစ်ပေါ်စေတဲ့ အကြောင်းတရား များစွာထဲက အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

တစ်နည်းအားဖြင့်ဆိုရင် တိုင်းရင်းသားပြည်သူလူထူ တစ်ရပ်လုံးကို တစ်ပါတီ စစ်အာဏာရှင်စနစ် လက်အောက်မှ ရုန်းထွက်ပြီး လွတ်လပ် ပွင့်လင်းတဲ့ ဒီမိုကရေစီပြည်ထောင်စုဆီသို့ လျှောက်လှမ်းကြဖို့ အသက်ကို စတေး ပေးဆပ်ကာ တပ်လှန့်နှိုးဆော်လိုက်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ အချိန်ထိ ဒီမိုကရေစီရေး ကြိုးပမ်းမှု တစ်လျှောက်လုံး လူသိထင်ရှားဖြစ်စေ၊ လူမသိ မထင်ရှား ဖြစ်စေ အသက်ကို စတေးပေးဆပ်ခဲ့သူတွေရဲ့ ကြီးမြတ်တဲ့ တန်ဖိုးကို အောက်မေ့သတိရလျှက် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့အမြဲအမှတ်တရ ဂုဏ်ပြုနေမှာ ဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူလူထုရဲ့ တစ်ခဲနက် ထောက်ခံမှုနဲ့ နိုင်ငံ့တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့၊ ထပ်မံတာဝန်ပေးရွေးချယ်ခံခဲ့ရပေမယ့် ကိုယ်ကျိုးစီးပွားသာကြည့် တက်တဲ့ စစ်ခေါင်းဆောင်တွေ က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖောက် ပြီး စစ်အာ ဏာသိမ်းခဲ့လို့ တိုင်းရင်းသား ပြည်သူလူထုတို့ရဲ့ အခွင့်အရေးတွေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေး မျှော်လင့်ချက်တွေ နိုင်ငံတစ်ဝှမ်း နယ်ပယ်အသီးသီးမှာ ပျောက်ကွယ် ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အားလုံးနီးပါးနဲ့ ပါတီ အမှုဆောင်များကို မတရားဖမ်းဆီးထိန်းသိမ်းထားပြီး ပါတီလုပ်ငန်းတွေ ဆောင်ရွက်ခွင့်မရအောင် ရုံးခန်းတွေကိုကျူးကျော်ဝင်ရောက်၊ ဖောက်ခွဲဖျက်ဆီးတာတွေ ပြုလုပ်ခံနေရပေမယ့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးရဲ့ လိုလားတောင့်တချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာ စာတမ်းပါ မူဝါဒတွေနဲ့ အညီ ရောက်ရှိရာ ဒေသ အသီးသီးကနေ ကြိုးပမ်း ဆောင်ရွက်နေကြောင်းလည်း အသိပေးခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေး ခရီးကြမ်းတစ်လျှောက် ပြည်သူတို့ရဲ့ အ ချုပ်အခြာ အာဏာပြည် သူတို့ထံ ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ ရဟန်းရှင် လူ၊ ကျောင်းသား၊ ပြည်သူ၊ အဖွဲ့အစည်း အသီးသီးတို့ရဲ့ စွန့်လွှတ်အနစ်နာခံပေးဆပ်မှုတွေကို လေးစားတန်ဖိုးထား သင်ခန်းစာယူလျှက် ခိုင်မာတဲ့ စိတ်ဓာတ်၊ မလျှော့တဲ့ ဇွဲလုံ့လတို့နဲ့ ရည်မှန်းချက် ပြည့်မှီတဲ့အထိ အားလုံး ဆက်လက် ကြိုးပမ်း၊ အားထုတ် ကြဖို့ တိုက်တွန်းတယ်လို့လည်း ဖော်ပြထားပါတယ်။

#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.