ကာဒီနယ်ချားစ်ဘိုနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တွေ့ဆုံခြင်းအပေါ် ICJM က ပြင်းထန်စွာ ရှုံ့ချ
ဒီဇင်ဘာ ၂၄၊ ၂၀၂၁
ကာဒီနယ်ချားစ်ဘိုနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တွေ့ဆုံတဲ့ အပေါ်ကက်သလစ်ဘာသာဝင်တွေအနေနဲ့ အင်မတန်ထိတ်လန့်တုန်လှုပ် ဝမ်းနည်းစိတ်ပျက် ရပါတယ်လို့ Independent Catholics for Justice in Myanma က ထုတ်ပြန်ပါတယ်။
ဒီလို တွေ့ဆုံတာက မြန်မာနိုင်ငံ ကက်သလစ် ဘာသာဝင်များအကုန်လုံးနီးပါး ဆန္ဒနဲ့ ဆန့်ကျင်တဲ့အတွက်ကြောင့် ဘာသာဝင်များကို ကိုယ်စားမပြုဘူးလို့ဆိုပါတယ်။
မနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့က အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ကာဒီနယ်ချားစ်ဘို တို့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီကို ဘယ်လိုအကြာင်းချက်နဲ့ ဖြစ်ဖြစ် အသိအမှတ်ပြုတဲ့ ကာဒီနယ်ချားစ်ဘို နဲ့အတူ ဘယ်လို ပုဂ္ဂိုလ်/အဖွဲ့အစည်းကိုမဆို ICJM အနေနဲ့ ပြင်းထန်စွာ ရှုတ်ချတယ်လို့ ICJMက ဆိုပါတယ်။
ဒီလုပ်ရပ်က အကြမ်းဖက်အာဏာသိမ်းချိန်ကာလကစပြီး အခုအချိန်ထိ မတရားသတ်ဖြတ်ဖမ်းဆီးခံခဲ့ရသူတွေနဲ့ ဘုရားကျောင်းတွေ ဖျက်ဆီးခံခဲ့ရတဲ့ အပေါ် မျက်နှာလွှဲ စော်ကားတာအဖြစ် သတ်မှတ်တယ်လို့ ICJM က ပြောပါတယ်။
ICJM က တရားမျှတမှုအတွက် ရပ်တည်တဲ့ အဖွဲ့အစည်းဖြစ်သလို မတရားမှုကိုကျူးလွန်နေသူတွေနဲ့ ပူးပေါင်းသူတွေကို ချွင်းချက်မရှိ ဆန့်ကျင်ပြီး တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲဝင်နေကြသောသူတွေနဲ့ အမြဲအတူ ရပ်သွားမယ်လို့ ဆိုပါတယ်။
#SpringRevolution
#PVTV
#PVTVNews