ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ဝေသော နေ့စဉ်စစ်ရေးအကျဉ်းချုပ်

ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ဝေသော နေ့စဉ်စစ်ရေးအကျဉ်းချုပ်
ယနေ့ပြည်သူ့ရင်ခွင်ခိုလှုံရန်ဆက်သွယ်လာသော တပ်သား(၁၁)ဦးနှင့်ရဲ(၁၁)ဦး ရှိသည်။
မှတ်ချက်။ ။ မြေပြင်သတင်းတာဝန်ခံများနှင့်သတင်းဌာနများမှ ဖော်ပြလာသော အချက်အလက်များအပေါ် အခြေခံပြုစုထားသည်။

Add your reaction

  1. မပြောလဲမဖြစ် ပြောလဲမပြောချင်ပေမဲ့
    အံကိုကြိတ်ပြီး ပြောလိုက်ရတယ် ..

    အန်တီ အန်တီ့သား တိုက်ပွဲမှာ ကျဆုံးသွားပြီ
    အန် တီ…..

    ကျနော် ပြန်ပြောလာမဲ့စကားသံကိုငြိမ်ပြီး
    စောင့်နေမိတယ် ၊ ၈၈ ဒီမိုကရေစီတိုက်ပွဲမှာ
    အဖမ်းခံရပြီး ထောင်ထဲမှာပဲ ခင်ပွန်းကျဆုံး
    သွားတဲ့ သားနှစ်ယောက်မိခင် မုဆိုးမကြီးရဲ့
    မျက်နှာက တည်ငြိမ်လွန်းလှတယ် ၊

    သောက်နေတဲ့ ဆေးပေါ့လိပ်ကို ချပြီး ….
    ပြောလိုက်တဲ့ စကားကြောင့် အံ့ဩမင်သက်ပြီး လေးစားစွာစိုက်ကြည့်နေမိလိုက်တယ် ,,,
    အကြိမ်ကြိမ်လဲ ဦးညွှတ်မိတယ် ၊

    မုဆိုးမကြီးပြောလိုက်တဲ့စကားက …

    “အငယ်ကောင် အထုပ်ပိုးပြင် အခုလာ’ ‘တဲ့ …..
    ” အကိုတွေနဲ့တစ်ခါထဲ လိုက်သွား မင်းအဖေ
    တုန်းက နိုင်အောင်မတိုက်နိုင်ခဲ့တဲ့အာဏာရှင်ကို
    မင်းအစ်ကိုဆက်တိုက်တာ လမ်းခုလတ်မှာ
    ကျဆုံးသွားပြီ ၊ ခုမင်းကလည့် မင်းပခုံးပေါ်ရောက်လာပြီ ၊ အာဏာရှင်ကျရှုံးအောင်တိုက်ပြီးပြန်လာခဲ့ ! အာဏာရှင်စစ်တပ်ကိုအမြစ်ဖြတ်ပြီး ပြန်လာမဲ့ PDFကလေးတွေကို ပြည်သူလူထုကသောင်းသောင်းဖျဖျကြိုဆိုတဲ့ အောင်ပွဲမှာ ငါလဲ အောင်သပြေကိုင် ပန်းကုံးစွပ်ပြီး ကြိုချင်တယ်
    ငါ့ယောက်ျားတုန်းကမကြိုခဲ့ရဘူး ! ခုမင်းအစ်ကို
    ကိုလဲမကြိုနိုင်ပြန်တော့ဘူး….”

    အဖျားစွပ်အသံလေးနဲနဲတုန်သွားတာသတိထားမိလိုက်တယ် ….

    ခနတိတ်သွားတယ် ၊ ကျနော်တို့ တွေမျက်ရည်ဝဲ
    နေပါပြီ ၊ မျက်ရည်သုတ်လိုက်တာကို ဖျတ်ခနဲ
    မြင်လိုက်ရတယ် ဆက်ပြောတယ် .

    ”ငါ ငါ့သားငယ်ကိုတော့ အောင်သပြေကိုင်
    ကြိုပြီးတော့ ပန်းကုံးစွပ်ချင်သေးတယ် !!!
    နိုင်အောင်တိုက်ပြီး ကျန်းကျန်းမာမာနဲ့
    ပြန်လာခဲ့ကြားလား ! …..
    ငါ့အတွက်တော့မပူနဲ့ ရွာကအမျိုးတွေဆီပြန်
    နေလိုက်မယ်…”ပြောပြီးအိမ်ခန်းထဲဝင်သွား
    လိုက်တယ် ၊

    ကျနော်တွေးနေမိတယ် ၊ တစ်မိသားစုလုံး
    ခံယူချက်ပြင်းလိုက်ကြတာ အာဇာနည်မျိုးတွေပဲ စဉ်းစားနေတုန်း တက်ကြွစွာပြောလိုက်တဲ့ အသံကြောင့်အတွေးပြတ်သွားတယ် —-

    ” အကိုကျနော်ပြီးပြီ သွားကြစို့တဲ့ …”

    နိုင်ငံတွေကို ဘာလို့ အမိနိုင်ငံတော်ဆိုပြီးတင်စားပြောဆိုကြလဲနားလည်လိုက်တယ် ၊ ပေးဆပ်ရဲတယ် စွန့်လွှတ်ရဲတယ် အနစ်နာခံရဲတယ် ကျဆုံးသွားတာထက်ပိုပြီး မွေးထုတ်ပေးနိုင်တယ် ။

    { လေးစားလျှက် }

    မျက်ရည် ဆည်မမိ

    #သွေးသစ္စာ #PDF #GenZ
    #crd_to_owner

  2. PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်နေကြသူများ အားလုံး
    တိုက်ပွဲတိုင်း ဘေးရန်ကင်းစွာအောင်ပွဲဆင်နိုင်ပြီး မအလ လက်အောက်ခံ စစ်ခွေး- ရဲခွေးများ-ဘောမ နေသူများ- ဒလံများ ပြည်ထိုင်ခိုး အဖွဲ့ဝင်များ အားလုံးတိုက်ပွဲတိုင်း- နေရာတိုင်းမှာ အသေဆိုးနဲ့သေကြပါစေ
    (ပြည်သူ့ကျိန်စာ) စူးကြပါစေ။

  3. ကျွန်တော်တို့သည်မြန်မာနိုင်ငံ မျိုးဆက်သစ် တွေအတွက် says:

    မအလစစ်ကောင်စီကဖမ်းပြရုံသာဖြစ်တယ် …တကယ့်အစစ်အမှန်မူးယစ်ဆေးဝါးရောင်းဝယ်သူများဟာမြောက်ပိုင်တိုင်းကနေတက်လာတဲ့ ဦးစန်းယု ,ဦးသန်းရွှေ နှင့် ဦး သိန်းစိန် တို့ကာ မူးယစ်ဆေးဝါးရောင်းဝယ်သူထံမှအခွန်ရခဲ့သည့်ပိုက်ဆံနဲ့ ဦးနေဝင်း၊ သန်းရွှေ တို့ကိုပေးခဲ့ပြီးရာထူးတိုးခဲ့ကြတယ် ..မူးယစ်ဆေးဝါးရောင်းဝယ်သမား ,ကိုကင်းလယ်သမား အားလုံးသည်အာဏာသိမ်းစစ်တပ်ကိုအခွန်ပေးဆောင်ခဲ့ကြရပါတယ် …အာဏာသိမ်းစစ်တပ်သူတို့ကမူးယစ်ဆေးဝါးလုပ်ငန်းလုပ်နေတာ …သက်သေနှစ်သိန်းကျော်ရှိပါတယ် …ဇေကမ္ဘာ ဦးခင်ရွှေ မြေအောက်စီးပွားရေးသည်မူးယစ်ဆေးဝါးရောင်းဝယ်ရေးဖြစ်သည် ….

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.