ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှထုတ်ဝေသောနေ့စဉ်စစ်ရေးသတင်းချုပ်…

ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှထုတ်ဝေသောနေ့စဉ်စစ်ရေးသတင်းချုပ်

ယနေ့ (၁၀.၉.၂၀၂၁) မကွေးတိုင်း၊ရန်ကုန်တိုင်း၊ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊ချင်းပြည်နယ်များတွင် တရားသောခုခံတော်လှန်စစ်ပွဲ(၅)ခုထက်မနည်းဖြစ်ပွားခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သား (၆)ဉီးထက်မနည်း သေဆုံးခဲ့သည်။
အပြစ်မဲ့ဒေသခံ (၁၉) ဉီး ထက်မနည်းအဖမ်းဆီးခံရကာ နှစ်ဉီး အကြောင်းမဲ့သေနတ်ပစ်ခတ်ခံရသည်။
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရွှေပန်းကုန်းကျေးရွာမှဖမ်းဆီးထိမ်းသိမ် ထားသောPDF တပ်သားနှစ်ဉီးကိုရွှေပန်းကုန်းရဲစခန်းတွင်ပစ်သတ်ခြင်းသည်အာဏာသိမ်းစစ်ကောင်စီအနေဖြင့်ဂျနီဗာကွန်ဗန်းရှင်းကို ပြောင်ပြောင်တင်းတင်းဖောက်ဖျက်ကာ စစ်ရာဇ၀တ်မှုကျုးလွန်ခြင်းဖြစ်သည်။
မကွေးတိုင်း၊ဂန့်ဂေါနယ်၊မြင်သားရွာတွင်ကျဆုံးခဲ့သောပြည်သူ့ကာကွယ်ရေးတပ်သားများကိုကျွန်ုပ်တို့ ကာကွယ်ရေး၀န်ကြီးဌာနမှ လေးလေးနက်နက်ဂုဏ်ပြုဉီးညွှတ်လိုက်ပါသည်။

မှတ်ချက်။ ။ မြေပြင်သတင်းတာ၀န်ခံများနှင့်သတင်းဌာန များမှဖော်ပြလာသောအချက်အလက်များအပေါ်အခြေခံပြုစုထားသည်။



Like – 10K Share – 502

Public Voice Television Facebook

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.