ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှထုတ်ဝေသော နေ့စဉ်စစ်ရေးအကျုဉ်းချုပ်
ယနေ့(၁၅.၉.၂၀၂၁) တွင် ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ကရင်နီပြည်နယ်၊စစ်ကိုင်းတိုင်းတို့တွင် တရားသောခုခံတော်လှန်စစ်(၄)ကြိမ်ဖြစ်ပွားခဲ့သည်။
တရားသောခုခံတော်လှန်စစ်စတင်သည့် (၇.၉.၂၀၂၁-၁၄.၉.၂၀၂၁) အတွင်း မတရားဖမ်းဆီးခံရသည့်ပြည်သူ (၁၄၆) ဦး၊ အကြမ်းဖက်သတ်ဖြတ်ခံရသူ (၁၈)ဦး၊ ပေါ်တာဆွဲခံရသူ (၅၅)ဦး၊ ဒဏ်ရာရသူ(၁၈) ဦး နှင့်နေအိမ်မီးရှို့မှုကြောင့် ပျက်စီးရသော ပြည်သူလူထုပိုင်အိမ်အဆောက်အဉီး (၅၅) လုံးရှိခဲ့သည်။
ယနေ့ပြည်သူ့ရင်ခွင်ခိုလှုံရန်ဆက်သွယ်လာသော ရဲ(၁၀) ဦးနှင့် တပ်သား (၈) ဦးရှိသည်။
မှတ်ချက်။ ။ မြေပြင်သတင်းတာ၀န်ခံများနှင့်သတင်းဌာန များမှဖော်ပြလာသောအချက်အလက်များအပေါ်အခြေခံပြုစုထားသည်။
Like – 6.2K Share – 260