ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နေပြည်တော် စစ်ဒေသခွဲ တပ်ရင်းအမှတ် ၈၀၄ ထူထောင်တာ တစ်နှစ်ပြည့်အဖြစ် စစ်ရေးပြချီတက်
ဖေဖော်ဝါရီ ၈ ၊ ၂၀၂၃
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော် စစ်ဒေသခွဲ၊ တပ်ရင်းအမှတ် ၈၀၄ ထူထောင်တာ တစ်နှစ်ပြည့်အဖြစ်နဲ့ စစ်ရေးပြချီတက်ပွဲကို ဖေဖော်ဝါရီ ၇ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော် စစ်ဒေသခွဲ၊ တပ်ရင်းအမှတ် ၈၀၄ ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး တစ်နှစ်ပြည့် စစ်ရေးပြချီတက်မှုကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့ကြတာပါ။
တစ်နှစ်ပြည် အမှတ်တရအဖြစ် စစ်ရေးပြ ချီတက်တာကို ပြည်သူ့လွတ်မြောက်ရေး ကျောင်းသားတပ်တော်(PLSF)၊ KNDF BO-5၊ KNDF BO-6၊ KRU စစ်ဒေသ (၃) အလယ်ပိုင်းတိုင်း တပ်ရင်းအမှတ်- ၁၀၀၅၊ စစ်ဒေသ (၃) အလယ်ပိုင်းတိုင်း တပ်ရင်းအမှတ်-၁၀၀၈၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်ရင်းအမှတ် ၈၀၃၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်ရင်းအမှတ် ၈၀၅၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်းအမှတ် ၉၀၂ မှကိုယ်စားလှယ်တွေနဲ့ အလယ်ပိုင်းတိုင်းရဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။