ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနကို ထောက်ပံ့ဖို့ရည်ရွယ်ထားတဲ့ “လွတ်မြောက်ဖို့အတွက် တို့တွဲလက်” ရန်ပုံငွေရှာဖွေပွဲပြုလုပ်ရန်စီစဉ်နေ
ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာကို ကူညီထောက်ပံ့နိုင်ရေး ရည်ရွယ်ပြီးတော့ ပြုလုပ်တဲ့ “လွတ်မြောက်ဖို့အတွက် တို့တွဲလက်” ရန်ပုံငွေ ရှာဖွေပွဲကို ပြုလုပ်ရန်စီစဉ်နေပါတယ်။
“လွတ်မြောက်ဖို့အတွက် တို့တွဲလက်” ရန်ပုံငွေရှာဖွေရေး ကံစမ်းမဲအစီအစဉ်ကို နော်ဝေနိုင်ငံမှာ သတင်းသုံးနေ ထိုင်တဲ့ ရွှေဝါရောင် ဆရာတော် အရှင်ထာဝရမှ ဦးဆောင်ပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ၊ မေရီလန်းနဲ့ ဗာဂျီးနီး ယားပြည်နယ်က မြန်မာမိသားစုတွေ (DMV Myanmar Families) ၊ဗမာ့ဒီမိုကရေစီအရေး လှုပ်ရှားထောက်ပံ့ရေး အဖွဲ့ (Support the Democracy Movement in Burma) တို့က စီစဉ်နေတာလို့ ကံစမ်းမဲအစီအစဉ်ဖြစ်မြောက် ရေး ကော်မတီက သတင်းထုတ်ပြန်ပါတယ်။
ဒီရန်ပုံငွေရှာဖွေပွဲကို CRPH – OFP Fundraising Program ရဲ့ ပေါင်းစည်းမှုနဲ့အတူ အနီးကပ်ဆောင်ရွက် အကောင်အထည်ဖော်နေတာလို့လည်း ဆိုထားပါတယ်။
ကံစမ်းမဲဆုများအဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ပါတဲ့ တန်ဖိုးမဖြတ်နိုင်သော စာအုပ်လေးနဲ့အတူ ပန်းချီစန်းဝင်းသောင်း၊ ပန်းချီချောအိသိမ်း၊ ပန်းချီနုယဉ်၊ ပန်းချီထွန်းတည်လင်း၊ ပန်းချီစောကနေဒီတို့ရဲ့ အမေဒေါ်အောင်ဆန်းစုကြည်ရဲ ဂုဏ်ကို ဖော်ကျူးရေးဆွဲထားတဲ့ အဖိုးတန်ပန်းချီကားတွေ အပြင် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါ United States Congressional Medal (2008) ဒင်္ဂါးပြားတွေကိုပါ အမှတ်တရဆုများအဖြစ် ထည့်သွင်းထားပါတယ်။
ယခုအစီအစဉ်မှာ တမူထူးခြားပြီး ပထမဦးဆုံးအနေနဲ့ NFTs ဒီဂျစ်တယ်အနုပညာလက်ရာတွေကိုလည်း ဆုလက်ဆောင်များအဖြစ် ထည့်သွင်းပေးသွားရန် ကြိုးစားနေတယ်လို့ ဆိုထားပါတယ်။
“လွတ်မြောက်ဖို့အတွက် တို့တွဲလက်” ကံစမ်းမဲအစီအစဉ် ကြိုတင်မိတ်ဆက်ပွဲ (Online) အခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ ရက်၊ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် ည ၈နာရီခွဲအချိန်မှာပြုလုပ်မှာဖြစ်ပြီးတော့ ကံစမ်းမဲလက် မှတ်အဖြစ်နဲ့ တစ်စောင်ကို အမေရိကန်ဒေါ်လာ ၂၀ နဲ့ ညီမျှတဲ့ စျေးနှုန်းနဲ့ ရောင်းချမှာဖြစ်တယ်လို့လည်း ကံစမ်းမဲ ဖြစ်မြောက်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။