ကသာမြို့အထက်ပိုင်း မိုးတားကြီးကျေးရွာအနီးကို အကြမ်းဖက်စစ်တပ်က လေယာဉ် ၃စီးနဲ့ ဗုံးကြဲတိုက်ခိုက်
ဇန်နဝါရီ ၁၂ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အထက်ပိုင်း မိုးတားကြီးကျေးရွာအနီးကို အကြမ်း ဖက်စစ်တပ်က ဒီနေ့မွန်းလွဲ ၁ နာရီဝန်းကျင် လောက်မှာ ဂျက်လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မိုးတားကြီးကျေးရွာအနီးမှာ နိုဝင်ဘာလဘ ၉ ရက်က အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ယခုရက်ပိုင်းအတွင်း မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ အကြောင်းမယ့် ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရဆိုလျှင် ဗုံး ၁၂ လုံးလောက်အထိ ကျဲချသွားခြင်းဖြစ်ပြီး ကျေးရွာအတွင်းမှ ကလေးငယ် ၃ ယောက်၊ လူကြီး ၂ ယောက်တို့မှာ ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ သေဆုံးတဲ့သူ ရှိ မရှိ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးတားကြီးကျေးရွာအတွင်း နေအိမ် ၅ လုံး၊ ဓမ္မာရုံတခု၊ ကချင်စုရွာတွင် လူနေအိမ် ၆ လုံး၊ ဘာသာရေး အဆောက်အုံ တစ်ခုတို့ မီးလောင်ကျွမ်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဗုံးကြဲခံရတဲ့နေရာတွေကတော့ မိုးတားကြီးကျေးရွာ စျေးတန်း၊ ကချင်စုရွာနဲ့ ဗျူဟာရောင်ခြည်ဘုန်းကြီးကျောင်းအနီး ဒေါ်အောင်လျှိုတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
“အသားလွတ်ကြီးကို လာကြဲသွားတာ။ ဒီရက်ပိုင် ဘာတိုက်ပွဲမှကိုမရှိဘူး။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား အပြင်းထန်ဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက နိုဝင်ဘာ ၉ ရက်ဖြစ်ပြီးတော့ အကြမ်းဖက်စစ်တပ်က ၄၀ ဦးအထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။