ကသာခရိုင်အတွင်းမှာ ခလရ (၇၇) က CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေကို ဆုငွေတွေ ချီးမြှင့်

ကသာခရိုင်အတွင်းမှာ ခလရ (၇၇) က CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေကို ဆုငွေတွေ ချီးမြှင့်
ဇွန် ၂၆ ၊ ၂၀၂၂

ကသာခရိုင်၊ မိုးတားကြီး မိုးတားလေးဘက်မှာ တပ်မ (၈၈) လက်အောက်ခံ ခလရ (၇၇) က တပ်သား ၄ ဦးက CDM ပြု လုပ်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့အတွက် ဆုငွေတွေ ချီးမြှင့်ခဲ့ပါတယ်။

‘အမှတ် ၁ စစ်ဒေသဘက် မိုးတားကြီး မိုးတားလေးမှာ CDM ဝင်လာတဲ့ ရဲတပ်သား လေးဦး ၂ ဦးက လက်နက်ပါတဲ့အတွက် ကျမတို့ အမှတ် ၁ စစ်ဒေသကနေ သိန်း ၅၀ စီ ပေါင်း သိန်း ၁၀၀ နဲ့ လနမပါတဲ့ ကျန် ၂ ယောက်ကိုတော့ တစ်သိန်းစီ ဝန်ကြီးဌာနကိုယ်စား ဆုချီးမြှင့်ပေးလိုက်တယ်’ လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

CDM ပြုလုပ်လာသူတွေက ခလရ(၇၇)မှ ရဲဘော် ၂ ဦး၊ တပ်မ (၈၈) လက်အောက်ခံ (ခလရ ၇၇) မှ တပ်သား သက်ပိုင်ဌေး၊
တပ်သား ဝင်းဇော်ထွေးတို့ဖြစ်တယ်လို့ ဖော်ပြထားလို ၎င်းတို့က MA-1 ၂လက်၊ ကျည်ဘောက် ၄ ခု၊ ၅.၅၆ ကျည် – ၁၆၈ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ နင်းမိုင်း ၁လုံး၊ အီနာဂါဗုံးသီး ၂ ခု နဲ့အတူ ပြည်သူရင်ခွင်ကို ခိုလှုံလာတာလို့ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.