ကလေး PDF က မိုင်းနဲ့ တိုက်ခိုက်လို့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ဦးသေဆုံး
ဖေဖော်ဝါရီ ၆၊ ၂၀၂၂
ကလေး နည်းပညာ တက္ကသိုလ်ကနေ ကလေးမြို့ဘက်ကို ဦးတည်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ဒီကနေ့ ဖေဖော်ဝါရီ ၆ရက် မွန်းလွဲပိုင်းက မိုင်းနဲ့ တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက် စစ်ကောင် စီတပ်ဖွဲ့ဝင် ၂၀ဦး သေဆုံးခဲ့တယ်လို့ ကလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာနဲ့ ဟံသာ၀တီရွာတို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ တွေက ဒီကနေ့ နံနက် ၉နာရီ ခွဲမှ စပြီး တင်သားရွာကို ဦးတည်ပြီး အဝေးပစ်အမြောက်လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ အပြစ်မဲ့ ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ပြန်လည် တုံ့ပြန်တိုက်ခိုက်တာ ဖြစ်တယ် လို့လည်း ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ အကြောင်းမဲ့လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ဒဏ်ရာရသူတွေထဲမှာ အသက် ၉နှစ်အရွယ် ကလေး အပါအဝင် ၄ဦးက ဒဏ်ရာပြင်းထန်ခဲ့သလို နေအိမ် ၅လုံးလည်း လက်နက်ကြီး ထိမှန် ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ကအကြောင်းမဲ့ ရန်ပြုပစ်ခတ်လို့ တင်သား၊ အောင်မင်္ဂလာ၊ မှန်တော၊ ရှားဖို၊ ကျောက်ဖူး ကျေးရွာများမှ ပြည်သူတွေ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ကလေးမြို့ဆီကို ဦးတည်ပြီး လမ်းလျှောက် တက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို မွန်းလွဲ ၂နာရီလောက်မှာ ဇင်းကလင်း ရွာနဲ့ ချင်းဆိုင်ရွာ အကြား မှာ မိုင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီလိုတိုက်ခိုက်ခဲ့လို့ လမ်းလျှောက်တက်လာတဲ့ စစ်ကောင်စီတပ်သား ၆၀ ကျော်အနက် ၁၅ဦးခန့်ထိမှန်သေဆုံးခဲ့သလို မိုင်းထိမှန် ဒဏ်ရာရသူတွေထဲက ၅ဦးဟာ ကလေးစစ်ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar
ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။