ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ပြုလုပ်
ဇူလိုင် ၂၂ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲ့ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို ဒီနေ့ မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြ တော်လှန်ပြည်သူတွေက ‘မတရားမှုလွင်ပြင်တွင် ခိုလှုံစရာ အရိပ်မရှိ’ ၊ ‘ငါတို့အားလုံး ဒီအမှောင်ကို အတူတူကျော်ဖြတ်ဖို့ ညနေခင်း ဆည်းဆာကတည်းက သတ္တိတွေ ရှိနေဖို့လိုတယ်’ ၊ ‘အသက်ပေး တော်လှန် နေသူတွေကြောင့် တနေ့ စစ်မိစ္ဆာအောက်က လွတ်မြောက်ခဲ့ရင် နေသာသလို နေခဲ့သူများ ရှက်တက်ကြဖို့ အသင့်ပြင် ထားကြ’ ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ဆန္ဒပြ ချီတက်ခဲ့ကြ ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။