ကလေးမြို့မှာ တော်လှန်ပြည်သူတွေက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ပြုလုပ်
ဇွန် ၂၇ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ တော်လှန်ပြည်သူတွေက ကလေးမြို့ လူထုသပိတ်စစ်ကြောင်းနဲ့ အကြမ်းဖက်စစ်တပ်ကျရှုံး ရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြပြည်သူတွေက ‘ကလေးမြို့ လူထုသပိတ်’ ဆိုတဲ့ စာသားကို ကိုင်ဆောင်ထားသလို ‘မင်းတို့ စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး’ ၊ ‘အင်းတင်းထားပါ အမေ.. နေထိပန်းလို ခွေမနွမ်းဘဲ အမေ့ပါးကို ချွေနမ်းပေးမယ့် အမေ့သားသမီးတွေ နောက်မှာရှိတယ်’ ၊ ‘ငါတို့လူထုတစ်ရပ်လုံးအတွက် ဘုံရန် သူက အကြမ်းဖက်စစ်တပ်ဘဲ’ ဆိုတဲ့ စာသားတွေ ကိုင်ဆွဲပြီး ဆန္ဒပြချီတက်ခဲ့ကြတာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။