ကလေးမြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ပြီး ပြည်သူ ၅၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အသိပေး
ဇူလိုင် ၁၅ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာမှာ စစ်ကောင်စီ တပ်သားနဲ့ပျူစောထီးတွေက ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကလေး) က ဝင်ရောက် ကယ်ဆယ်တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၅၀ဦးခန့်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၄ရက်ကဖြစ်ပွားခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုအတွင်းမှာ ပျူစောထီး ၆ဦးသေပြီး ၁၉ဦး ထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုး သားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီကို အကြမ်း ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး ဖြစ်သကဲ့သို့ ကာကွယ် ရေး ဝန်ကြီးဌာန အနေနဲ့လည်း စစ်ကောင်စီက ဖွဲ့စည်းလျက်ရှိတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံ အကြမ်းဖက် အဖွဲ့တွေမှာပါဝင်ခြင်းမပြုကြဖို့တားမြစ်ချက်ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီနဲ့ ပူးပေါင်းလျက်ရှိတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံအဖွဲ့အစည်းတွေကို အကြမ်းဖက် ထောက်တိုင် စစ်ရေးပစ်မှတ်တွေအဖြစ် သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ကာ ကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
ဒါ့ကြောင့် လက်ရှိမှာ စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့များတွင်ပါဝင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဖိအားပေး လုပ်ကိုင်ဆောင် ရွက်နေရတဲ့ အဖွဲ့အစည်း၊လူပုဂ္ဂိုလ်တွေအနေနဲ့လည်းသက် ဆိုင်ရာအဖွဲ့အစည်းတွေကို အမြန်ဆုံးစွန့်ခွါပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ရင်း၊တပ်ဖွဲ့များထံ အမြန်ဆုံး သတင်းပေးပို့၍ လက်နက်အပ်နှံ ပူးပေါင်းဆောင်ရွက်ကြဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံ တိုက်တွန်းထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။