✨ ကလေးများအတွက် မိုင်းအန္တရာယ် အသိပညာပေး ကာတွန်းဇာတ်လမ်း ✨
ကလေးများ လွယ်ကူရှင်းလင်းစွာ ဖတ်ရှုနားလည်နိုင်မယ့် ‘မိုင်းအန္တရာယ် အသိပညာပေး ကာတွန်းဇာတ်လမ်း’ကို-
🔴 ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်များအတွင်း မြန်မာနိုင်ငံ အရှေ့တောင်ဘက်ဒေသများမှာ ပြုလုပ်ခဲ့တဲ့ ‘မြေမြုပ်မိုင်းများနှင့် စစ်ကျန်လက်နက်ပစ္စည်းများ၏ သက်ရောက်မှုအန္တရာယ်ဆိုင်ရာ ဗဟုသုတ၊ သဘောထားနှင့် အလေ့အထဆိုင်ရာ စစ်တမ်း’နဲ့ ၂၀၁၄ ခုနှစ်အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ ဆောင်ရွက်ခဲ့တဲ့ ‘အရေးပေါ်မိုင်းအန္တရာယ်ဆိုင်ရာစစ်တမ်း’ တို့က ရရှိလာတဲ့ အဓိကလေ့လာတွေ့ရှိချက်တွေအပေါ် အခြေခံပြီး ပြုစုထားတာပါ။
🔴 သရုပ်ဖော်ပုံနဲ့ ပညာပေးသတင်းစကားတွေကိုတော့ ၂၀၁၅ ခုနှစ်အတွင်း ပြည်နယ် ၅ ခုနဲ့ တိုင်းဒေသကြီး ၂ ခုတို့မှာ ကွင်းဆင်းစမ်းသပ်ခဲ့ပါတယ်။
🔴 လက်ရှိအချိန်ကာလမှာလည်း ကလေးများအတွက် လုံခြုံရေးဆိုင်ရာ သတိပြုရမှုတွေ ရှိနေတာမို့ ကလေးများကိုယ်တိုင် ဖတ်ရှုရင်ပဲဖြစ်ဖြစ်၊ မိဘအုပ်ထိန်းသူများက ဖတ်ပြီး တစ်ဆင့် ပြန်လည်ပြောပြရင်ပဲဖြစ်ဖြစ် အဆင်ပြေစေဖို့ ယခင် ထုတ်ဝေခဲ့ပြီးသား အသိပညာပေး ကာတွန်းဇာတ်လမ်းကို အနည်းငယ်မျှသာ မွမ်းမံပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်။
#IEDMineAwareness
Like – 2.2K, Share – 309