ကလေးပြည်သူ့ဆေးရုံမှာ ၁၅ ရက်အတွင်းလူနာ ၃၀၀ ကျော်ကုသပေးနိုင်ခဲ့

ကလေးပြည်သူ့ဆေးရုံမှာ ၁၅ ရက်အတွင်းလူနာ ၃၀၀ ကျော်ကုသပေးနိုင်ခဲ့
ဇူလိုင် ၂၁ ၊ ၂၀၂၂

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ကလေးပြည်သူ့ဆေးရုံကို ဖွင့်လှစ်ခဲ့ပြီး ဇွန် ၁ ရက်ကနေ ၁၅ ရက်အတွင်းကို လူနာ ၃၀၀ ကျော်ကို ကုသပေးနိုင်ခဲ့တယ်လို့ People’s Healthcare Network (Kalay) က အသိပေးထုတ်ပြန်လာပါတယ်။

ကလေးပြည်သူ့ဆေးရုံမှာ ပြင်ပလူနာဌာန၊ အတွင်းလူနာဌာန၊ သားဖွားမီးယပ်ဌာနနဲ့ အရေးပေါ် ခွဲစိတ်ခန်းတွေကို ထားရှိ ပြီးတော့ ပြည်သူ့ရဲဘော်တွေ၊ စစ်ဘေးရှောင်ပြည်သူတွေ၊ ဒေသခံပြည်သူတွေအတွက် အခမဲကျန်းမာရေးဝန်ဆောင်မှု ပေးဖို့အတွက် လုပ်ဆောင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

People’s Healthcare Network (Kalay) ရဲ့ အသိပေးထုတ်ပြန်ချက်မှာတော့ ဇွန် ၁ ရက်ကနေ ၁၅ ရက်အတွင်း ပြင်ပ လူနာ ၂၇၃ ဦး၊ အတွင်း လူနာ ၆ ဦး၊ ကလေးမီးဖွားပေးတာအပါအဝင် စုစုပေါင်း ၃၀၂ ဦး ကုသပေးနိုင်ခဲ့တာပါ။

ဒါအပြင် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ရဲ့ လမ်း ညွှန်မှုနဲ့ People’s Healthcare Network (Kalay)မှ ဦးဆောင်ပြီး Tactical Combat Casualty Care: Basic Training (TOT) သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါသေးတယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.