ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် လူပေါင်း ၃၅ ဦးကို အကြမ်းဖက်စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့တဲ့အပေါ် ကုလက ထိတ်လန့် တုန်လှုပ်

ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် လူပေါင်း ၃၅ ဦးကို အကြမ်းဖက်စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့တဲ့အပေါ် ကုလက ထိတ်လန့် တုန်လှုပ်
ဒီဇင်ဘာ ၂၇၊ ၂၀၂၁

အကြမ်းဖက်စစ်တပ်က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းမှာ ဒေသခံအရပ်သား ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် လူပေါင်း ၃၅ ဦးကို မီးရှို့သတ်ဖြတ်ခဲ့မှုအပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း ကုလသမဂ္ဂ စာနာမှုနဲ့ အရေး ပေါ် ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်က ဒီဇင်ဘာ ၂၆ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်းထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်တပ်က ကလေးငယ်တစ်ဦးအပါအဝင် လူ ၃၅ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း နဲ့ အဲဒီဖြစ်စဉ်အတွင်းမှာပဲ Save the Children ဝန်ထမ်းနှစ်ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်တွေအပေါ် အလွန် ထိတ်လန့်တုန်လှုပ်မိတဲ့အကြောင်း ဖော်ပြထားပါတယ်။

ဒါအပြင် အကြမ်းဖက်စစ်တပ်ကို စစ်အင်အား အလွန်အကျွံအသုံးပြုတဲ့အခါမှာ အရပ်သားတွေ ဘေးအန္တရာယ်မဖြစ်စေဖို့ အတွက်လည်း အထူးဂရုစိုက်ဖို့နဲ့ ကျူးလွန်ခဲ့တဲ့သူတွေကို စစ်ဆေးမှုတွေ လျင်မြန်စွာ လုပ်ရမှာဖြစ်ပြီး ပွင့်လင်းမြင်သာစွာ နဲ့ ချပြရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

“ပြစ်မဲ့ ပြည်သူတွေနဲ့ ကျွန်မတို့ ဝန်ထမ်းတွေကို ဒီလို အကြမ်းဖက်တိုက်ခိုက်တဲ့အပေါ် ကျွန်မတို့ အလွန်ထိတ်လန့်တုန်လှုပ်ရပါတယ်။ သူတို့နှစ်ယောက်က လူသားချင်း စာနာထောက်ထားရေး အလုပ်တွေမှာ နှစ်မြှုပ်ထားသူတွေ၊ မြန်မာနိုင်ငံတစ်ဝန်းက သန်းနဲ့ချီတဲ့ ကလေးတွေကို ထောက်ပံ့ပေးနေသူတွေပါ”လို့ Save the Children ၏ အမှုဆောင်ချုပ် အင်ဂါအက်ရှင်က မှတ်ချက်ပြုထားပါတယ်။

ကုလသမဂ္ဂကတော့ မြန်မာပြည်သူ သန်းနှင့်ချီပြီးတော့ အရေးပေါ်ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်ဆိုတာနဲ့ ကူညီထောက်ပံ့ဖို့ လိုအပ်နေတဲ့သူတွေကိုလည်း အရေးပေါ်ကူညီမှုတွေ လုပ်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

Save the Children ကတော့ လက်ရှိဖြစ်စဉ်ကြောင့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ ကရင် ပြည်နယ်မှာရှိတဲ့ စီမံကိန်းတွေို့ ယာယီရပ်ဆိုင်းထားမဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.