ကရင်ပြည်နယ်၊ တပ်မဟာ ၅ နယ်မြေအတွင်းက ရက္ခိုင့်တပ်တော်(AA) တပ်စခန်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ တပ်မဟာ ၅ နယ်မြေအတွင်းက ရက္ခိုင့်တပ်တော်(AA) တပ်စခန်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်
◾️ ဂျက်တိုက်လေယာဉ်နှစ်စီးက ဗုံးကြဲတိုက်ခိုက်ပြီး ထိုင်းနိုင်ငံ လေပိုင်နက်ထဲ ဝင်ရောက်သွား
ဇူလိုင် ၄ ၊ ၂၀၂၂

ကရင်ပြည်နယ်၊ တပ်မဟာ ၅ နယ်မြေအတွင်းရဲ့ မြန်မာ-ထိုင်း နယ်စပ်အနီးမှာရှိတဲ့ ရက္ခိုင့်တပ်တော်(AA) ရဲ့ တပ်စခန်း တစ်ခုကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ တပ်ဖွဲ့ဝင်အချို့ကျဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA) က သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်းထုတ်ပြန်ချက်ထဲမှာ ဇူလိုင် ၄ ရက်၊ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်အချိန်မှာ မြန်မာ-ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်နယ်၊ တပ်မဟာ ၅ နယ်မြေဧရိယာထဲမှာရှိတဲ့ ရက္ခိုင့်တပ်တော်(AA) ရဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေ ယာဉ်နှစ်စီးနဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စခန်းအနီး ပတ်ဝန်းကျင်က ရက္ခိုင့်တပ်တော်(AA)ရဲ့ တပ်ဖွဲ့ ဝင်အချို့ ကျဆုံးထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်က ရက္ခိုင့်တပ်တော်(AA)စခန်းကို ဂျက်တိုက်လေ ယာဉ်နှစ်စီးနဲ့ လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့ တာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ပြီးချိန်မှာ ထိုင်းနိုင်ငံလေပိုင်နက်အတွင်းကို ဝင်ရောက်သွားခဲ့တာပါ။

လေကြောင်းတိုက်ခိုင်မှုကြောင့် သေဆုံးဒဏ်ရာ ရမှုတွေအပြင် စခန်းအတွင်းက ဆေးရုံ၊ ဆေးခန်း၊ စက်ချုပ်စက်ရုံအပါအ ဝင် အဆောက်အအုံအချို့ ပျက်စီးခဲ့ရတယ်လို့ ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.