ကရင်ပြည်နယ်အတွင်း ထွက်ပြေး တိမ်းရှောင်နေရတဲ့ ပြည်သူတွေအိမ်ထဲကို အကြမ်းဖက်စစ်တပ်က ဖောက်ထွင်းဝင် ရောက်ပြီး ပစ္စည်းတွေ ခိုးယူ
ဇူလိုင် ၈ ၊ ၂၀၂၂
ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံးနယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းက အကြမ်းဖက် စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ထွက်ပြေးနေရတဲ့ ပြည်သူတွေအိမ်ထဲကို အကြမ်းဖက်စစ်တပ်က ဖောက်ထွင်းဝင် ရောက်ပြီး ပစ္စည်းတွေ ခိုးယူမှုကို ပြုလုပ်နေတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ဇူလိုင်လ ၂ ရက်ကစပြီး ကေအဲန်ယူ-မုန်းမြို့နယ်ရဲ့ စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်း(၅)ခု တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေပစ်ခတ်တာ လေယာဉ်နဲ့ထောက်လှမ်းတာတွေကြောင့် ဒေသခံတွေ ကြောက်လန့်ကာ ဘေးလွတ်ရာ ကို တိမ်းရှောင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ တပ်ကုန်းကျေးရွာနေထိုင်သူတစ်ဦးရဲ့ ဆိုင်ထဲကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ ဖောက်ထွင်း ဖျက်ဆီးကာ ဆိုင်အတွင်းရှိ (၁၇)သိန်းတန် ကွန်ပျူတာ တစ်လုံး၊ (၃၅၀၀)တန် ဖိနပ်အရံ (၁၀၀)နဲ့ အိုးထဲထည့်ထားတဲ့ ငွေကျပ်(၂)သိန်း ကို ပါ သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို ဖြစ်ရပ်မျိုး ကျွေးရွာတိုင်းလိုလိုမှာ ဖြစ်ပွားနေပြီးတော့ လက်ရှိမှာ တိမ်းရှောင်နေရတဲ့ ကျေရွာတွေမှာ လူမရှိတော့တဲ့အတွက် နေအိမ်၊ဆိုင်တွေကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ဖောက်ထွင်းဖျက်ဆီးပြီး ဒေသခံ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့တဲ့အတွက် တစ်ဖက်မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ကြားမှ မိမိတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးသိမ်းယူခံရတဲ့အတွက် ကြီးမားတဲ့အခက်အခဲတွေ ကြုံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
ဓာတ်ပုံ – မုန်းဘက်ကနေ ဖြူးဘက်အခြမ်းကိုပြေးနေရတဲ့ ဒေသခံများ
#SpringRevolution
#PVTV
#TheArtOfRevolution
#Satire
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။