ကရင်နီအမျိုးသားတိုးတက်ရေးပါတီက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကရင်နီပြည်သူတွေကို အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခြင်းအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်
ဒီဇင်ဘာ ၂၆၊ ၂၀၂၁
ကရင်နီအမျိုးသားတိုးတက်ရေးပါတီက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကရင်နီပြည်သူတွေကို အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခြင်းအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကရင်နီပြည်၊ဖရူဆိုမြို့နယ်မိုဆိုကျေး ရွာအနီးမှာ စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ ခမရအမှတ် (၁၀၈) တပ်ဖွဲ့ဝင်တွေက တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံ ပြည်သူအမျိုးသမီး၊ကလေးငယ်တွေနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့က ဝန်ထမ်း (၃၅) ယောက် ကို ဖမ်းဆီးရိုက်နှက်ခဲ့တဲ့အပြင် ကားပေါ်တင် ဓါတ်ဆီလောင်း ကားနဲ့အတူ မီးရှို့သတ်ဖြတ်မှုကို
ဒီဇင်ဘာလ (၂၄)ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူတွေ ဖမ်းဆီးရိုက်နှက်ခြင်းက လွတ်ပေးဖို့အတွက် ညှိနှိုင်းဆွေးနွေးဖို့ ကြိုးပမ်းတဲ့ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေး တပ်ဦးအသွင်ပြောင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင် (၄)ယောက်ကိုလဲ လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီ ဖြစ်ရပ်နှစ်ခုစလုံးမှာ စစ်ကောင်စီက စစ်မြေပြင်မှာ စောင့်စည်းရမယ့် စစ်ဥပဒေတွေအပြင် လူသားမျိုးနွယ်အညွန့်တုန်းအောင် တမင် ရည်ရွယ်ပြီး အတိအလင်းချိုးဖောက်လိုက်တယ်လို့ (PP) ဗဟိုဌာနချုပ်က ပြောပါတယ်။
ကယားပြည်နယ် က လုပ်ရပ်အပေါ်မှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရ အသိုင်းအဝိုင်းက စစ် ကောင်စီကို ပြင်းထန်တဲ့ ကန့်သတ်အရေးယူမှုနဲ့ ကြဉ်ဖယ်မှုပြုလုပ်သွားဖို့ မနှောင့်နှေးစေဘဲ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (PP) ဗဟိုဌာနချုပ်က တောင်းဆိုလိုက်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews