ကရင်နီပြည် တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၈ ဦးသေ၊ လက်နက်ခဲယမ်း အများအပြားကို KNDF က သိမ်းဆည်းရမိ
ဇန်နဝါရီ ၉ ၊ ၂၀၂၂
ကရင်နီပြည်မှာ ဒီနေ့မနက်ကတည်းက တိုက်ပွဲတွေပြင်းထန်နေပြီးတော့ အကြမ်းဖက်စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး လက် နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က သတင်းထုတ်ပြန်လိုက် ပါတယ်။
သတင်းထုတ်ပြန်ချက်ထဲမှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုရှေ့ကျေးရွာ အနီးမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို ကရင်နီတပ်မတော်(KA) နဲ့ KNDF တို့က တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီ ဘက်က ၈ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်း ဆည်းရမိခဲ့ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေ အထိနာခဲ့တဲ့အတွက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်လောက်မှာ လေကြောင်းပစ်ကူနဲ့ ၃ ကြိမ်လာရောက် တိုက်ခိုက်ပြီး လေကြောင်းပစ်ကူအကာအကွယ်နဲ့ သေဆုံးသွားတဲ့ အလောင်းတွေကို ပြန်သယ်သွားခဲ့တယ်လို့ KNDF က ပြောပါတယ်။
ဒေါဆိုရှေ့တိုက်ပွဲအတွင်း ကရင်နီတပ်မတော်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။ တိုက်ပွဲအတွင်း ကျဆုံးသွား သောရဲဘော်ကို KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွိုင်ကော်မြို့ပန်ကန်းနဲ့ မိုင်းလုံးရပ်ကွက်တွေမှာ ဒီနေ့မနက်က KNDF နဲ့ PDF ပူးပေါင်း မဟာမိတ်အဖွဲ့တွေ နယ်မြေရှင်းလင်း နေစဥ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ မိနစ်အနည်းခန့်သာ ကြာမြင့်ခဲ့ပြီးထိခိုက်ကျဆုံးမှုကို မသိသေးဘူးလို့ ဆိုပါတယ်။
နယ်မြေရှင်းလက်မှုအတွင်း လက်နက်ငယ်တစ်လက်နဲ့ လက်နက်ကြီး၊ လက်နက်ငယ် ကျည်အချို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ညနေ ၃ နာရီခွဲခန့်လောက်မှာလည်း အကြမ်းဖက်စစ်ကောင်စီဘက်က ရှားတောမြို့နယ်အတွင်းက ကရင်နီတပ်မတော်ရဲ့ သင်တန်း ကွင်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်မှုတစုံတရာမရခဲ့ဘူးလို့ သတင်းထုတ်ပြန် ထားတာတွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews