ကရင်နီပြည် စစ်ဘေးရှောင်များအတွက် အမျိုးသားညီညွတ်ရေအစိုးရက ထောက်ပံ့ကူညီမှုတွေပြုလုပ်နေ
ဇန်နဝါရီ ၂၄ ၊ ၂၀၂၂
ကရင်နီပြည်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထောက်ပံ့ကူညီမှုတွေပြုလုပ်နေပါတယ်။
တိုက်ပွဲတွေကြောင့် မိမိတို့နေရပ်ကို စွန့်ခွာပြီးတော့ထွက်ပြေးတိမ်းရှောင်နေရသူတွေက ရှမ်းပြည်နယ်(တောင်ပိုင်း)က ဒေသတွေနဲ့ ကရင်ပြည်နယ်၊ သံ တောင်ကြီးမြို့ နယ်တွေ၊ ကရင်နီပြည်နယ်အတွင်းက တိုက်ပွဲရှောင်စခန်းတွေမှာ နေထိုင်ကြရပြီးတော့ အဲဒီစစ် ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အရေးပေါ်စားနပ်ရိ က္ခာနဲ့ လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေကို ချိတ်ဆက်ကူညီပံ့ပိုးပေးနေပါတယ်။
ဒီလိုကူညီထောက်ပံ့ရာမှာ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ(KSCC) အပါ အဝင် ဒေသခံမိတ်ဖက်တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးပေါင်း ပြီးတော့ လုပ်ဆောင်နေတာဖြစ်ပြီး ဇန်နဝါရီ ၁ ရက်ကနေ ၂၄ ရက်အထိ စုစုပေါင်း ကျပ်သိန်း ၉၉၀ ကျော်အထိ ပံ့ပိုးကူညီထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါအပြင် တိုက်ပွဲရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုလည်း ဆက်လက် ထောက်ပံ့သွားဖို့ ရှိတယ်လို့လည်း ဝန်ကြီးဌာနက သိရပါတယ်။
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။