ကရင်နီပြည်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရက အရေးပေါ်ထောက်ပံ့မှုတွေ ပြုလုပ်နေ

ကရင်နီပြည်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရက အရေးပေါ်ထောက်ပံ့မှုတွေ ပြုလုပ်နေ
ဇန်နဝါရီ ၉ ၊ ၂၀၂၂

ကရင်နီပြည်နယ်အတွင်းမှာ ၃ ရက်ဆက်တိုက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေအတွက် အမျိုး သားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အရေးပေါ်စား နပ်ရိက္ခာတွေ အလျင်အမြန်ပံ့ပိုးကူညီမှုတွေ ပြုလုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်လာမှုကြောင့် တိုက်ပွဲရှောင်ပြည်သူတွေအတွက် အရေးပေါ်စားနပ် ရိက္ခာများကို အလျင်အမြန် ပံ့ပိုးကူညီပေးလျက်ရှိပြီး တိုက်ပွဲရှောင်သူဦးရေများပြားလာတဲ့အတွက် အရေးပေါ် အစားအသောက်နဲ့ အသုံးအ ဆောင်ပစ္စည်းတွေ၊ အရေးပေါ် လိုအပ်ချက်တွေအတွက် အသုံးပြုနိုင်ရေး ကနဦး ထောက်ပံ့ငွေများကို ပေးပို့ထားတယ်လို့ ဝန်ကြီးဌာနက သိရပါတယ်။

စဉ်ဆက်မပြတ် ဆက်လက်ထောက်ပံ့ပေးနိုင်ရေးအတွက် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၊ Coordination Team for Emergency Relief (CTER) ၊ ကယား(ကရင်နီ) ပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့များစတဲ့ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့တွေ၊ နယ်မြေခံ ကူညီပံ့ပိုးသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

လက်တလောအခြေအနေများအတွက် စားနပ်ရိက္ခာ၊ အရေးပေါ်အသုံး အဆောင်ပစ္စည်းများနဲ့ ငွေသားအပါအဝင် စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း (၅၀၀) ကျော် ထောက်ပံ့ထားပြီး ဖြစ်ပါ တယ်။ ဆက်လက်ပြီးတော့လည်း စစ်ဘေးရှောင်တွေအတွက် လိုအပ်တာတွေကို ပံ့ပိုးနိုင်ဖို့အရေး ညှိနှိုင်းဆွေးနွေးတာတွေ လုပ်ပြီးတော့ ဆက်လက်ထောက်ပံ့ဖိုအတွက်လည်း စီစဉ်ဆောင်ရွက် ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ လူဦးရေ ၃သိန်းဝန်းကျင်ရှိပြီးတော့ လက်ရှိအချိန်မှာ စစ်ဘေးရှောင် ပြည်သူပေါင်း ၁သိန်း၇သောင်းကျော်အထိ ရှိ ထားတယ်ဆိုတာနဲ့ အဲဒီစစ်ဘေးရှောင်တွေအတွက် ဆေးဝါး၊ စားနပ်ရိက္ခာ နဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) အတွင်းရေးမှူး နဲ့ ဘဏ္ဍာရေးမှူးဖြစ်သူ မေရီအက်စတာက ပြောထားပါတယ်။

ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ စစ်ရေးအရှိန်မြင့်လျက်ရှိရာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်နိုင်လို့ ပြည်သူများအနေနဲ့ လေကြောင်းရန်က အကာအကွယ်ဖြစ်နိုင်တဲ့ နေရာတွေမှာ နေကြဖို့နဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေ၊ တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိတဲ့ နေရာတွေမှာ နေထိုင်သွားလာခြင်းမပြုကြဖို့အတွက်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က တိုက်တွန်းနှိုးဆော်ထားတာကိုလည်း တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.