ကရင်နီပြည်သူလူထုကို လေကြောင်းရန်မှ ကာကွယ်နိုင်ရေးအတွက် လုပ်ဆောင်ရမယ့်အချက်တွေကို KSCC ထုတ်ပြန်
ဇန်နဝါရီ ၁၇ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကရင်နီပြည်နယ်မှာ ပြည်သူလူထုကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုတွေလုပ် ဆောင်နေတာမို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)က ပြည်သူတွေကို လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့အရေးအ တွက် လုပ်ဆောင်ရမယ့် အချက်တွေကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ စစ်ရှောင်နေရာ ဒါမှမဟုတ် မြင်ကွင်းကွယ်တဲ့တောင် စောင်းတွေ ကမ်းပါးယံတွေမှာ ဗုံးခိုကျင်းတွေ အမြန်ဆုံးတူးထားကြဖို့ ဖော်ပြထားပါတယ်။
ဒါအပြင် မြေပြန့်မြေညီမှာတူမယ်ဆိုရင် အနည်းဆုံး အနက်၅ ပေ၊ အကျယ်ကို မိသားစုရှိတဲ့ ဦးရေအတိုင်းအတူးဖို့၊ လုံခြုံကောင်းမွန် ပြီး ခိုင်ခံတဲ့ အဖုံးတခုရရှိနိုင်ဖို့အတွက် အချင်း ၁ ပေခန့် လုံးပတ်ရှိတဲ့ သစ်လုံး/သစ်တုံးတွေကို တတုံးနဲ့တတုံး နေရာမရွေ့စေဖို့ သံ ကြိုး/သွပ်နန်းကြိး(မရှိပါက ဆိုင်ကယ်ချိန်းကြိုး) တွေနဲ့ ရိုက်နှက်ချိတ်တွဲပါ။ သစ်တုံးတွေအပေါ်မှာ မိုးကာ၊ ပျဉ်ပြား၊ သံပြားတို့နဲ့ ထပ် ပြီး မြေဖို့ပါ။ မြေထုက အနည်းဆုံး ၂ ပေနဲ့အထက် ထူထူဖိုနိုင်ဖို့တော့ လိုပါတယ်။ ဒီလိုလုပ်တာဟာ လုံခြုံရေးအတွက် ကောင်းတဲ့ အပြင် ကျင်းကို ကောင်းကင်ကနေလဲ မမြင်နိုင်တော့ပါဘူး။
တွင်းထဲကို အသင့်ပြေးဝင်ပုန်းခိုနိုင်ဖို့နဲ့ အဝင်အထွက် တည့်တိုးမဖြစ်စေဖို့ တဆစ်ချိုး တူးဖောက်ပေးရပါမယ်။ တွင်းက နက်လေ ကောင်းလေ၊ ကျယ်လေ ကောင်းလေ၊ အဖုံးမြေထူလေ ကောင်းလေလို့ ဆိုထားပါတယ်။
တကိုယ်ရေးသုံး မုန့်ခြောက်၊ သောက်သုံးရေ၊ အကိုက်အခဲပျောက်ဆေး၊ ဓာတ်မီး၊ ဖုန်း၊ ရေဒီယို၊ ပါဝါဘန့်၊ ဓား၊ အဝတ်အထည်၊ စောင် အစရှိတာတွေကို တပါတည်းပြင်ဆင်ထားကြရပါမယ်။ တိုက်လေယာဉ်ပျံသန်းတဲ့အခါ အရေးပေါ်သတိပေးချက်တွေကို အလေးထားကြဖို့လည်း သတိပေးထားတာ တွေ့ရပါတယ်။
အသက်ဘေးအန္တရာယ်ကင်းဖို့အတွက် တိုက်လေယာဉ်ကို တွေ့ပြီဆိုတာနဲ့ ချက်ခြင်းဗုံးခိုကျင်းတွေဆီကို ပုန်းရှောင်ဖို့လိုတယ်ဆို တာနဲ့ လမ်းပေါ်တွေ ဟင်းလင်းပြင်ဖြစ်နေတဲ့ နေရာတွေကနေ ထွက်ကြည့်တာမျိုးမလုပ်ဖို့အတွက်လည်း ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ကာလအတွင်းမှာ မလိုအပ်ဘဲ သွားလာလှုပ်ရှားမှု မပြုလုပ်ကြဖို့နဲ့ ဘေးကင်းလုံခြုံရာ နေရာတွေကို အသိသတိနဲ့ ပြောင်းရွှေနေထိုင်ကြဖို့၊ မိမိတို့အနီးအနားက ပိတ်မိနေတဲ့သူတွေကိုတွေ့ရှိခဲ့ရင်တော့ အရေးပေါ်ကယ်ဆယ်ရေးအသင်းတွေကို ချက်ခြင်း အကြောင်းကြားဖို့လည်း ဖော်ပြထာပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့ မမှန်ကန်တဲ့ သတင်းဝါဒဖြန့်မှုတွေကို ရှောင်ကြဉ်ပေးကြဖို့နဲ့ မှန်ကန်တဲ့သတင်းအချက် အလက်တွေကိုသာ အချင်းချင်း မျှဝေပေးကြဖို့ အချက်တွေကို ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။