ကရင်နီပြည်နယ်အတွင်းမှာ ဇူလိုင်လ ဒုတိယအပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်းတွေကို KNDF ထုတ်ပြန်

ကရင်နီပြည်နယ်အတွင်းမှာ ဇူလိုင်လ ဒုတိယအပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်းတွေကို KNDF ထုတ်ပြန်
ဇူလိုင် ၁၅ ၊ ၂၀၂၂

ကရင်နီပြည်နယ်အတွင်းမှာ ဇူလိုင်လ ဒုတိယအပတ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်းတွေကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင်လ ၈ ရက် ညနေပိုင်းမှာ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ မက်စလောင်းတောင် စခန်းကုန်း ကို ကရင်နီတပ်မတော် (KA) နဲ့ KNDF တို့က တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း အကြမ်း ဖက် စစ်ကောင်စီ တပ်ဘက်မှ အထိနာလို့ တာဝေးပစ်လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်ခဲ့တဲ့အပြင် တိုက်လေယာဉ်နဲ့ (၂) ကြိမ်တိုင်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဇူလှိုင်လ ၁၂ ရက် နံနက် ၆နာရီ ၄၅ မိနစ်ချိန်မှာ ဒီးမော့ဆိုမြိုနယ်၊ ဒေါငံခါးမှ ပူဖားကျေးရွာဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်(၂) စီးကို KNDF မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူပဲ ထို့အတူ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ(၅:၃၀)နာရီချိန်မှာ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအနီး နယ်မြေလုံခြုံရေးယူနေတဲ့ KNDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ထိပ်တိုက်တွေ့ကာ မိနစ် (၃၀)ခန့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပါတယ်။

ဇူလိုင်လ ၁၄ ရက် မွန်းလွဲပိုင်းမှာ ကရင်နီတပ်မတော် (KA) နဲ့ KNDF တို့မှ ဖရူဆိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးနဲ့ လုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ မိနစ်(၂၀)ခန့်အကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က (၁) ဦးသေဆုံးခဲ့ပါတယ်။ ညနေပိုင်းတွင် ဒီးမော့ဆိုမြို့နယ် ၊ အူးခူရီကျေးရွာအနီး နယ်မြေလုံခြုံရေးယူနေတဲ့ ကရင်နီပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ (၅)မိနစ်ခန့် အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

မက်စလောင်းတောင်ကုန်းစခန်း တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ရွံ့ရွံ့ချွန်ချွန်တိုက်ခိုက်ရင်း KNDF B-16 မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရတယ်လို့ ဖော်ပြထားပြီး တိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်မြောက်စွာကျဆုံးခဲ့တဲ့ ရဲဘော်ကို KNDF မှ အာဇာနည်သူရဲကောင်းအဖြစ် အလေးပြု သမိုင်းမှတ်တမ်းတင်တယ်ဆိုပြီး ဖော်ပြထားတာတွေ့ရပါ တယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.