ကရင်နီပြည်နယ်မှာ ဖြစ်နေတဲ့ အရေးကိစ္စတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီတို့ ဆွေး နွေးမှုများ ပြုလုပ်

ကရင်နီပြည်နယ်မှာ ဖြစ်နေတဲ့ အရေးကိစ္စတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီတို့ ဆွေး နွေးမှုများ ပြုလုပ်
ဇန်နဝါရီ ၁၁ ၊ ၂၀၂၂

ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားနေသော အရေးကိစ္စရပ်တွေကိုဖြေရှင်းဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် ဦးဆောင်တဲ့အဖွဲ့နဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီရဲ့ တာဝန်ရှိသူတွေ ဇန်နဝါရီ ၉ ရက်က ဆွေးနွေးမှုများပြုလုပ်ခဲ့တယ်လို့ အမျိုး သားညီညွတ်ရေး အစိုးရက ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်းထုတ်ပြန်ချက်မှာ ဇန်နဝါရီ ၉ ရက်က ပြည်ထောင်စု ဝန်ကြီးချုပ်ဦးဆောင်ပြီး ကရင်နီပြည်အတိုင် ပင်ခံကောင်စီမှ တာဝန်ရှိခေါင်းဆောင်တွေနဲ့ အရေးပေါ်တွေ့ဆုံပြီး လက်ရှိ ကရင်နီပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ အရပ်သားပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အတူတကွဖြေရှင်း ဆောင်ရွက် နိုင်ဖို့ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားမှာ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်နေတဲ့ အကြမ်းဖက်မှုတွေအတွက် ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ စစ်ကောင်စီကြောင့် ဒုက္ခဆင်းရဲမှုမျိုးစုံကြုံတွေ့နေရတဲ့ တိုင်းရင်းသားပြည်သူတွေကို အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့အနေနဲ့ ပြည်သူ့အတွက် ပြည်သူက ရပ်တည်ကြမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တက်နိုင်သမျှကူညီထောက်ပံ့မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ အာဆီယံအပါအဝင် လူသားချင်းစာနာထောက်ထားမှုနဲ့ လူသားဂုဏ်သိက္ခာကို အလေးအမြတ်ပြု တန်ဖိုးထားကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့လည်း အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့ စစ်ရာဇဝတ် မှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်သိရှိပြီး၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့အပါအဝင် မြန်မာနိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်ကောင်စီ ကြောင့် အရပ်သားပြည်သူတွေ ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့ခံစားနေရမှုတွေကို အမြန်ဆုံးရပ်တန့်နိုင်ဖို့အတွက် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ အလျင်အမြန်ပြုလုပ်နိုင်ဖို့ အလေးအနက် ထပ်မံ တိုက်တွန်းပါ တယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ရေးသားထားတာ တွေ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၇ ရက်က စတင်ပြီး ကရင်နီပြည်၊ လွိုင်ကော်မြို့ကို လေကြောင်းကနေရော၊ မြို့တွင်းကိုလည်း တင့်ကားတွေသုံးပြီးတော့တော့ရော သာလွန်အင်အားတွေအသုံးပြု ပြီး ပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတာပါ။

အဲဒီလိုပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူတွေလည်း ထိမှန်ပြီး အပြစ်မယ့်ပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ကျွမ်းတာအပါအဝင် ထိခိုက်ပျက်ဆီးမှု များစွာဖြစ် ပေါ်ခဲ့ရပြီး အပြစ်မဲ့ပြည်သူထောင်နဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြတာလည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.