ကရင်နီပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ အထိနာ၊ ရဟတ်ယာဉ်တစ်စီး တင့်ကားတစ်စီးနဲ့ အကြမ်းဖက်စစ်သား ၃၀ အထိ သေဆုံး

ကရင်နီပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ အထိနာ၊ ရဟတ်ယာဉ်တစ်စီး တင့်ကားတစ်စီးနဲ့ အကြမ်းဖက်စစ်သား ၃၀ အထိ သေဆုံး
ဇန်နဝါရီ ၈ ၊ ၂၀၂၂

ဒီမော့ဆိုမြို့နယ်နဲ့ အနီးအနားက ရွာတွေမှာဖြစ်ပွားနေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ အကြမ်းဖက်စစ် ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားမှုပြင်းထန်နေပြီးတော့ ဒီနေ့မနက်မှာပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီး၊ တင့် ကားတစ်စီးတို့ ပျက်ဆီးပြီးတော့ အကြမ်းဖက်စစ်သား ၃၀ ဦးအထိ သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က သတင်းထုတ်ပြန်လိုက်ပါတယ်။

KNDF ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ဒီးမော့ဆိုမြို့နယ်၊(၅) မိုင်၊(၆) မိုင်၊ ဒေါပိုးစီမှ၊ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးနဲ့ ပန်ကန်းရပ်ကွက်အထိ တိုက်ပွဲများပြင်းထန်နေကြောင်းနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် အနည်းဆုံး (၃၀) ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကြောင်းနဲ့ တိုက်ပွဲအတွင်းမှာ တင့်ကားတစ်စီး မီးလောက်ပျက်စီးခဲ့တယ် လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အထိနာလို့ဆိုပြီး မွန်းလွဲ ၂ နာရီက စတင်ပြီးတော့ ည ၇ နာရီအထိ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေအသုံးပြုပြီး ၁၀ ကြိမ်အထိ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ည ၈ နာရီအချိန် ခန့်မှာတော့ လာရောက်ပစ်ခတ်တဲ့အထဲက ရဟတ်ယာဉ်တစ်စီးက လွိုင်ကော်မြို့၊ဒေါမူကလား ကျေးရွာအနီးမှာ ပျက်ကျမီးလောင် ခဲ့တယ်လို့ (KNDF)က သတင်းထုတ်ပြန်ပါတယ်။

“ ကျွန်တော်တို့က ဓာတ်ပုံမှတ်တမ်းနဲ့ မျက်မြင်ကိုယ်တွေ့တော့ ကျွန်တော်တို့ KNDF အနေနဲ့တော့ မလုပ်နိုင်ဘူး။ ဒါပေမဲ့ တစ်ခုက အဲဒီ ဒေါမူကလားရွာရယ် အဲဒီ ဘေးနားက ရွာသားတွေရဲ့ သတင်းပေးပို့ချက်အရ တကယ်ဟုတ်တယ်ဆိုပြီး ပေးပို့တယ်။ ကျွန်တော်တို့လည်း သွားမကြည့်နိုင်ဘူး။ မကြည့်နိုင်ဘူးဆိုတာ ရဟတ်ယာဉ်ပျက်ကျတဲ့ ဒေါမူကလားရွာရဲ့ ဘေးနားမှာက ၂၆၁ တပ်ရှိတယ်။ ပျက်ကျတာနဲ့ ချက်ချင်း သူတို့ထွက်လာပြီးတော့ လာရှင်းတာပေါ့ အဲဒီလို အခြေအနေဖြစ်လို့ အဲဒီမှတ်တမ်းကို မယူလိုက်နိုင်ဘူး”လို့ KNDF ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးသတင်းဌာနကို ပြောထားတာ တွေ့ရပါတယ်။

အကြမ်းဖက်စစ် ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ တင့်ကားတွေအသုံးပြုပြီး တိုက်ခိုက်ခဲ့ပေမယ့်လည်းအကျအ ဆုံးများလာလို့ (၅) မိုင် ၊(၆) မိုင်နဲ့ ဒေါပိုးစီနေရာတွေကနေ မြို့တွင်းထဲကို နောက်ဆုတ်ခဲ့ရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အဲဒီရပ်ကွက်တွေရဲ့ နေအိမ်တွေက ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူပြီး (Canter) ကားနှစ်စီးနဲ့ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ ဒါအပြင် နေအိမ် ၁၀ လုံးကျော်ကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီး ခဲ့ပါသေးတယ်။

ဒီးမောဆို့မြို့နယ်၊ ငွေတောင်ဆည်အနီးတဝိုက်နဲ့ ဒီးမော့ဆိုမြို့မရဲစခန်းတွေမှာလည်း တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုမျာပြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ဖြစ်ပွားတဲ့ တိုက်ပွဲမှာတော့ လွိုင်ကော် PDF တစ်ဦး သေဆုံးခဲ့တယ်လို့ သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် (KNDF)ကသတင်းထုတ်ပြန်ပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်ကိုလည်း အာဇာနည်သူရဲကောင်းအဖြစ်နဲ့ အမိုင်းမှတ် တမ်းတင် အလေးပြုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ စစ်ရေးအရှိန်မြင့်လျက်ရှိရာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုးမိုပြင်းထန်နိုင်လို့ ပြည်သူများအနေနဲ့ လေကြောင်းရန်က အကာအကွယ်ဖြစ်နိုင်တဲ့ နေရာတွေမှာ နေကြဖို့နဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေ၊ တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိတဲ့ နေရာတွေမှာ နေထိုင်သွားလာခြင်းမပြုကြဖို့အတွက်လည်း တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.