ကရင်နီဒေသကို လှူဖို့အတွက် CDM Medical Network က ပစ္စည်းလေးတွေကို မဲဖောက်ပြီး အလှူငွေရှာ
မတ် ၅ ၊ ၂၀၂၂
အကြမ်းဖက်စစ်တပ်တွေကို ခုခံတော်လှန်စစ် ဆင်နွဲနေတဲ့ ကရင်နီဒေသကို လှူဖို့အတွက် ရည်ရွယ်ပြီးတော့ CDM Medical Network က ပစ္စည်းလေးတွေ မဲဖောက်ရောင်းပြီး အလှူငွေရှာဖွေမှု စတင်နေပါပြီ။
CDM Medical Network ကတော့ ကရင်နီအတွက် အရေးပေါ်ထောက်ပံ့ရန်လို့ ဆိုထားပြီး တော်လှန်ရေးကာ လအတွင်း အာဏာသိမ်း စစ်ကောင်စီ ရဲ့ ဖိနှိပ်ခံရမှု အပြင်းထန်ဆုံး ဒေသတွေထဲက လက်ရှိ အဆိုးရွားဆုံးကတော့ ကရင်နီဒေသ ဖြစ်တယ်ဆိုတာနဲ့ ရဲစွမ်းသတ္တိ အပြည့်အဝရှိပါလျက် လက်နက်အင်အားမမျှလို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် သွေးကြွေး ၊ ခေတ္တ လက်လွှတ်ပေးခဲ့ရတဲ့ နမ့်မယ်ခုံ ဒေသနဲ့ လက်ရှိ ဒေသတွေကို ကာကွယ်ဖို့ အထူး လိုအပ်နေပါတယ်ဆိုပြီး ဖော်ပြထားပါတယ်။
ကရင်နီဒေသ ပြန်လည် လွတ်မြောက်ရှင်သန်လာဖို့ မိဘပြည်သူ တယောက်ချင်းစီရဲ့ ၁၀၀၀၀ တန် အရွက်တိုင်းစီ က အထူး ကဏ္ဍမှ ပါဝင်နေတယ်လို့လည်း CDM Medical Network ကပြောထားပါတယ်။
“ကျွန်တော်တို့ရဲ့ ဆရာအောင်ကြီးပုံ အပါအဝင် ကလေးတွေ ကြွေလွင့်နေတဲ့ပုံတွေ ကို ဓာတ်ပုံပို့ရိုက်ပြသည် အထိ ယုတ်မာ ပက်စက် လှတဲ့ အာဏာသိမ်းစစ်ကောင်စီ ကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ ကရင်နီဒေသကရဲဘော်တွေကို အစွမ်း ကုန်ထောက်ပံ့ပေးရပါတော့မယ်” လို့ CDM Medical Network ပေ့ချ်မှာ ရေးသားထားပါတယ်။
ဆုမဲအတွက်က မဲ ၁ မဲကို မြန်မာကျပ်ငွေ ၁၀၀၀ဝိ/- ကျပ် နှုန်းနဲ့ ကရင်နီဒေသမှရဲဘော်တွေအတွက် ဖန်တီးထား တဲ့ Crochet Cardigam ကို ဝင်ရောက်ကံစမ်းဖို့လည်း ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။ ကံစမ်းမဲကာလကတော့ မတ်လ ၁ ရက်နေ မတ်လ ၇ ရက်အတွင်းဖြစ်ပါတယ်။
ကံစမ်းမဲတွေကို https://www.facebook.com/101846935455895/photos/a.103315178642404/264459705861283/ ရဲ့ messenger ကနေ ဝယ်ယူ ကံစမ်းနိုင်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။