ကယန်းသာယာလမ်းခွ ဘက်က တိုက်ပွဲမှာ စစ်ကောင်စီ ဗိုလ်ကြီးနှစ်ယောက်နဲ့တပ်သား ၁၅ ယောက် သေဆုံး
ဇန်နဝါရီ ၆၊ ၂၀၂၂
ဒီနေ့ ဇန်နဝါရီ ၆ ရက်နေ့ မနက်အစောပိုင်း ၅ နာရီလောက်ထဲက ကယားပြည် နယ် လွိုင်ကော် မှာရှိတဲ့ စစ်ကောင်စီ အမြောက်တပ်ကနေ ကယန်းသာယာလမ်းခွဘက်ကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်နေတာတယ်လို့ KNDFZ-Pekhon Zone က ထုတ်ပြန်ပါတယ်။
ဒါကြောင့် မနက်ပိုင်းမှာ ကယန်းသာယာလမ်းခွ က စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်နေတဲ့ စခန်းကို KNDF BO2/BO3နဲ့ အရှေ့ဘက်ကမ်း PDF သုံးဖွဲ့ပေါင်းပြီး စစ်ဆင်ရေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီစစ်ဆင်ရေးမှာ အကြမ်းဖက်စစ်ကောင်စီ ဗိုလ်ကြီး ၂ ယောက်နဲ့ စစ်ကောင်စီ တပ်သား ၁၅ ယောက် သေဆုံးပြီး ဒဏ်ရာသူ အများအပြား ရှိခဲ့တယ်လို့ KNDFZ-Pekhon Zone က ဆိုပါတယ်။
#SpringRevolution
#PVTV
#PVTV