ကယန်းလက်ဝှေ့မယ် ဗယ်ရိုနီကာ ကို အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ပြု
ဒီဇင်ဘာ ၃၀၊ ၂၀၂၂
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ Thai Fight 100 years Nakornban” ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့တဲ့ ကယန်းတိုင်းရင်းသူ ‘ဗယ်ရိုနီကာ’ ကို အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာပေးအပ်လိုက်ပါတယ်။
ကယန်းတိုင်းရင်းသူ ‘ဗယ်ရိုနီကာ’ ဟာ ထိုင်းဘုရင့်ဖလားချန်ပီယံမွေ့ထိုင်းလက်ဝှေ့ပွဲမှာ ချန်ပီယံ ၉ ကြိမ်ရယူထားတဲ့ ဂရိနိုင်ငံသူ ဖာနီပီလွန်ပီကို အလဲထိုးအနိုင်ယူလိုက်ပါတယ်။
ဒီပွဲအနိုင်ရတာကြောင့် ဘရော်နီကာဟာ ဆုကြေးငွေ ဘတ် ၂သိန်းခွဲနဲ့ စပွန်ဆာကုမ္ပဏီက ချီးမြှင့်တဲ့ ဘတ်တစ်သိန်းခွဲ စုစုပေါင်း ဘတ် ၄သိန်းကို ရရှိခဲ့ပါတယ်။
ဘရော်နီကာဟာ အကြမ်းဖက်စစ်ကောင်စီ စိန်ခေါ်ခဲ့ဖူးသူဖြစ်ပြီး သူ့ပုံရိုက်နှိပ်ထားတဲ့ အင်္ကျီတွေဝယ်ယူအားပေးဖို့နဲ့ ရောင်းရငွေတွေကို စစ်ဘေးရှောင်တွေကို လှူဒါန်းသွားမယ်လို့ အသိပေးထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။