ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကြောင့် အာဆီယံအသိုက်အဝန်းကြားမှာ အငြင်းပွားမှုတွေရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကြောင့် အာဆီယံအသိုက်အဝန်းကြားမှာ အငြင်းပွားမှုတွေရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား
ဇန်နဝါရီ ၇ ၊ ၂၀၂၂

ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကြောင့် ဒေသတွင်း အာဆီယံနိုင်ငံတွေအကြားမှာ အငြင်းပွားမှုတွေဖြစ်လာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က ပြောကြားလိုက်ပါတယ်။

“ဟွန်ဆန်ရဲ့ တစ်နိုင်ငံ ချင်း bilateral သူ့လွတ်လပ်တဲ့စိတ်န္ဒနဲ့ ဒီခရီးစဉ်ကို စီစဉ်တယ်လို့ ဆိုသော်ညားလည်းပဲ တဖက်ကည်းပဲ သူက အာဆီယံရဲ့ ဥက္ကဌ တာဝန့်ကို ယူထားပြီဖြစ်တယ်ပေါ့။ ဖြစ်တဲ့အခါကျတော့ အာဆီယံ ဥက္ကဌ နိုင်ငံတစ်နိုင်ငံရဲ့ ဝန်ကြီးချုပ်က ဒီလိုမျိုးသွားရောက်လည်ပတ်တဲ့အပေါ်မှာ အာဆီယံကို ကိုယ်စားပြုတယ်၊ မပြုဘူး သူ bilateral လုပ်တယ် မလုပ်ဘူး ဆိုတဲ့ဟာက ရောရောထွေးထွေးတော့ ဖြစ်နေတော့ ဒီကိစ္စအပေါ်မှာ ရှင်း ရှင်းလင်းလင်းဖြစ်အောင် လုပ်ဖို့တော့ လိုတယ်ဆိုပြီးတော့ အာဆီယံအသိုင်းအဝန်းကြားမှာတော့ အငြင်းပွားမှု တွေရှိနေတယ်ပေါ့။” လို့ RFA သတင်းဌာနနဲ့ မေးမြန်းခန်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ထည့်သွင်းပြောကြားလိုက်တာပါ။

ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်က အာဆီယံကို ကိုယ်စားမပြုဘဲနဲ့ နိုင်ငံတစ်ခုတည်းအတွက်သာ ကိုယ်စားပြုပြီး သွားရောက် တာဖြစ်တယ်လို့ဆိုပါတယ်။

“ကျမတို့ကြားသိရတဲ့ အချက်အလက်တွေအရဆိုရင်ဆိုရင်တော့ ဟွန်ဆန်မြန်မာပြည်သွားမယ့်ကိစ္စဟာ အာဆီယံနိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့ သွားတာမျိုးမဟုတ်ဘဲနဲ့ပေါ့လေ သူ့တစ်ဦးတစ်ယောက်တည်းရဲ့ တစ် နိုင်ငံတည်းရဲ့ သဘောထားနဲ့သွားတယ်လို့ ကျမတို့နားလည်ရပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ထည့်သွင်းပြောကြား ခဲ့တာပါ။

မြန်မာပြည်သူလူထုရော ကမ္ဘာကပါ လက်ခံထားခြင်း မရှိတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေကို တွေ့ဆုံတဲ့ ဟွန်ဆန်ရဲ့ လုပ်ရပ်က သူ့အပေါ်မှာရော အာဆီယံအပေါ်မှာပါ ဆိုးကျိုးတွေအပြင် ဖိအားမျိုးစုံနဲ့ ကြုံတွေ့လာရမှာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကြောင့် အာဆီယံအသိုက်အဝန်းက နှစ်ခြမ်းကွဲသွားတဲ့ အထိ ဂယက်ရိုက်သွားနိုင်ကြောင်းလည်း အချက်အလက်တွေကို အခြေခံပြီး ပြောကြားထားတာတွေ့ရပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေကိုယ်တိုင် ဟွန်ဆန်ကို မြန်မာနိုင်ငံခရီးစဉ် မသွားသင့်သေးတဲ့အကြောင်း ပြော ကြားမှုတွေ ရှိထားတယ်ဆိုပြီးလည်း သတင်းတွေထွက်ပေါ်နေပါတယ်။
#SpringRevolution
#PVTV
#PVTVNews
ဓာတ်ပုံ – ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဓာတ်ပုံကိုမီးရှို့ဆန္ဒပြနေကြစဉ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.