ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကို ဆန့်ကျင်ရှုတ်ချကြောင်း လှုပ်ရှားမှုပြုလုပ်ဖို့ GSCB တိုက်တွန်းထား
ဇန်နဝါရီ ၇၊ ၂၀၂၂
အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ကို ဆန့်ကျင်ရှုတ်ချကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြသဖို့အတွက် ဓာတ်ပုံတင်ဆန္ဒပြလှုပ်ရှားမှုကို ပြုလုပ်ဖို့အတွက် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်းအားစု(GSCB) တိုက်တွန်းထားပါတယ်။
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့ သဘောထားကို ဂရုမစိုက်၊ အလေးမထားဘဲနဲ့ အာဆီယံဥက္ကဌဖြစ် ချိန်မှာ အကြမ်းဖက်စစ်ခေါင်းဆောင်ကို လာတွေ့တာ အာဆီယံအတွက် အင်မတန်မှ အရှက်ရဖွယ်ကိစ္စဖြစ် သလို ကမ္ဘာနဲ့ အာရှဒေသတွင်းနိုင်ငံတွေအတွက် ဒီမိုကရေစီအရေးကိစ္စကို ခြိမ်းခြောက်ရာရောက်ကြောင်း လည်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်းအားစု (GSCB) ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကန်ပိန်းထဲပါဝင်မယ့်သူတွေက လက်ညှိးနှစ်ချောင်း ကြက်ခြေခတ်နဲ့ ရိုက်ထားတဲ့ မိမိတို့ရဲ့ ဓာတ်ပုံမှာပဲ ဖြစ်ဖြစ်၊ စာရွက်ပေါ်မှာ Taglines တွေကို ရေးထားပြီးတော့ပဲဖြစ်ဖြစ်၊ GSCB ဖော်ပြထားတဲ့ ဓာတ်ပုံတွေထဲ ကပဲဖြစ်ဖြစ် မိမိတို့အသုံးပြုတဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တို့ တွစ်တာတို့ ဖော်ပြပေးဖို့ဖြစ်ပါတယ်။ ဒါအပြင် မိမိတို့ရဲ့ ပို့စ်မှာ ဟွန်ဆန်အသုံးပြုတဲ့ လူမှုကွန်ရက်စာမျက်နှာကို mention လုပ်ပြီး ထည့်သွင်းဖော်ပြနိုင်ပါ တယ်။
အသုံးပြုရမယ့် Taglines တွေကတော့ #MyanmarPeopleNotWelcomeHunSen #ASEANStopHunSen ၊ #DontSupportAnotherKillingField ၊ #HunSenThreatToWorldDemocracy ၊ #HunSenStopSupportDictatorship တွေဖြစ်ပါတယ်။
အခုပြုလုပ်မဲ့ ကန့်ကွက်ဓာတ်ပုံတင်တဲ့ လှုပ်ရှားမှုကို အားလုံးပူးပေါင်းပါဝင်ဖို့ GSCB က တိုက်တွန်းထား ပါတယ်။
ပြည်သူတွေက မျှဝေဖော်ပြထားတဲ့ ဓာတ်ပုံတွေကိုလည်း GSCBရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်က မက်ဆေ့ဘောက် ကိုလာရောက်ပေးပို့ဖို့အတွက်လည်း မေတ္တာရပ်ခံထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews